ရဲချုပ်နဲ့ တိုင်းရဲမှူးဖတ်ဖို့ ပေးစာ

ပို့စ်တင်ချိန် - 5/18/2014 03:11:00 PM


ဓားထောက် အဓမ္မ ပြုကျင့်တဲ့ အမှုတခုကို အခုထိ ထိထိရောက်ရောက် အရေးမယူသေးတဲ့ အတွက် ရဲချုပ်နဲ့ တိုင်းရဲမှူး တွေကို တာဝန်သိပြည်သူတဦးက ပေးပို့ထားတဲ့ ပေးစာတစောင် ဧရာဝတီ က လက်ခံရရှိ ထားပါတယ်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့သိရှိစေရန်

အကြောင်းအရာ။ ။ ဓါးထောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်သည့်အမှုအား ရဲတပ်ဖွဲ့မှ စစ်ဆေးအရေး ယူဆောင်ရွက်ခြင်းမရှိသည့် အပေါ် အထက်လူကြီးမင်းများ သိရှိအောင်တင်ပြခြင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကြက်သွန်းခင်း အုပ်စု-ကျေးရွာနေ အမျိုးသမီးတဦးကို ၁၃၇၅ ခုနှစ် သီတင်းကျွတ်လ တွင် မိဘများခရီးသွားစဉ် နေအိမ်တွင် တစ်ယောက်တည်းရှိသည့်အချိန် ည (၁၁)နာရီ အချိန်တွင် တစ်ရွာ တည်းနေသူတဦးက ဓါးထောက်ခြိမ်းခြောက်ပြီး အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ခဲ့ပါသည်။

၎င်းအဓမ္မပြုကျင့်သည့်ကိစ္စအား ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၊ အင်ပင်ရဲတပ်ဖွဲ့စခန်းသို့ တိုင်တန်းခဲ့သော်လည်း ယနေ့(၁၇-၅-၂၀၁၄)အထိ အမှုအား ဥပဒေနှင့်အညီ လက်ခံဖွင့်လှစ် အရေးယူ
ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ဥပဒေအကာကွယ်မဲ့မှုများ အခက်ခဲများနှင့်ရင်ဆိုင်ကြုံတွေနေရ သည့်အကြောင်း လူကြီးမင်းများ သိရှိအောင် တင်ပြအပ်ပါသည်။

တာဝန်သိပြည်သူတစ်ဦး

ဆက်သွယ်ရန် -

ကိုထွန်းထွန်း ၀၉ ၄၂၂၅၄၂၁၆၅

Irrawaddy