သီချင်းစာသားတွေ ခိုးယူမှုနဲ့ အပြုံလိုက် တရားစွဲဆိုခံလိုက်ရတဲ့ နာမည်ကြီးကြီးများ

ပို့စ်တင်ချိန် - 5/03/2014 08:28:00 PM




သီဟနိုင် on 2014-05-03 12:08    


ခင်ဗျားသာ နာမည်ကြီးကြီး တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် လူထုရဲ့စိတ်ဝင်စားမှု ခံနေရခြင်းဟာ အဓိပ္ပါယ်မရှိတဲ့ အရာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ဖြစ်သွားတဲ့ Beyonce နဲ့ Jay Z တို့ရဲ့ အမှုလိုပေါ့။ လူတစ်ယောက်က သံတိုင်တွေရဲ့နောက်မှာ ကျရောက်နေတုန်း သူ့ရဲ့ သီချင်းစားသားတွေကို Jay Z နဲ့ Beyonce တို့က ခိုးယူပါတယ်လို့ တရားစွဲပြီး ကန်ဒေါ်လာ သန်း ၂ထောင်အတွက် လို့သိရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အကျဉ်းထောင် Corcoranမှာ လက်ရှိအချုပ်ကျနေတဲ့ Richard Dupreeဟာ ဧပြီ ၂၁ရက်နေ့က ခရိုင်တရားရုံးမှာ  Beyonce နဲ့ Jay Z တို့စုံတွဲ၊ Chris Brown, Kanye West နဲ့ Rihanna တို့ကို တရားစွဲဆိုမှုတစ်ရပ် ပြုခဲ့ပါတယ်။

Richard Dupree ရဲ့ ပြောကြားချက်အရ Jay Z နဲ့ Beyonce တို့ဟာ CIA, FBI နဲ့ ပြည်တွင်းလုံခြုံရေး တို့နဲ့ပေါင်းပြီး သူနဲ့ သူ့ရဲ့ သီချင်းတွေကို ထောက်လှမ်းစုံစမ်းနေခဲ့ကြောင်းနဲ့ Chris Brown, Kanye West, Rihanna တို့ဟာ ယင်းကိစ္စမှာ ပူးပေါင်းကြံစည်သူတွေ အဖြစ်ပါဝင်ကြောင်း သိရပါတယ်။

Richard Dupreeဟာ ကန်ဒေါ်လာ သန်း ၂၀၀၀ ကိုလိုချင်တဲ့အပြင်၊ သူ့ကို ထောင်ကနေချက်ခြင်း လွှတ်ပေးဖို့ကိုလည်း အလိုရှိနေပါတယ်။

ဒီအဖြစ်အပျက် တစ်ခုလုံးဟာ ရူးကြောင်ကြောင်နိုင်သလောက် Jay Zဟာလည်း တရားစွဲဆိုခံရမှုတွေနဲ့ စိမ်းသူတစ်ယောက် မဟုတ်တော့ပါဘူး။

Ref:theboombox.com
Trend Myanmar