မိုးကြိုးတစ်ချက်ပစ်ခတ်မှုကြောင့် လူတစ်ဦးနှင့် ဆိတ် ၁၅ ကောင် တစ်ပြိုင်နက်တည်းသေဆုံး

ပို့စ်တင်ချိန် - 5/09/2014 09:30:00 AM



စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ (၇) ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊ အသက် (၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ် (၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။ အဆိုပါ ဆိတ်(၁၅)ကောင်၏ ကာလတန်ဘိုးမှာ (၁၀)သိန်း(၅)သောင်းကျပ် ဆုံးရှုံးခဲ့သည်။

မိုးကြိုး ထိမှန်သေဆုံးသူ ဒေါ်ထွေးညိုအား ရွာစဉ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခင်ဦးရဲစခန်း မှ သေ မှုသေခင်းဖွင့်ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar