မိဘမဲ့ကလေးငယ်၊ လမ်းဘေးလေလွင့်ကလေးငယ်တို့၏ ပညာရေးကို ထောက်ပံ့ပေးချင်သော ရဲတိုက် ဖောင်ဒေးရှင်း

ပို့စ်တင်ချိန် - 5/28/2014 07:43:00 AM


ရဲတိုက်ဖောင်ဒေးရှင်းကို ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် နေ့တွင်စတင်တည်ထောင်နိုင်ခဲ့သည်။ ယခုကဲ့သို့ ရဲတိုက် ဖောင်ဒေးရှင်းဟု ဖြစ်လာစေရန် သန္ဓေတည်ခဲ့သည်မှာ သရုပ်ဆောင်ရဲတိုက်၏ပင်ကိုစိတ်မနော၌ ပေးချင်ကမ်းချင်စိတ် များနေခြင်းကြောင့်ဖြစ်တည်လာရခြင်းဟုသတ်မှတ်၍ လည်းရနိုင်သည်။

” ရဲတိုက်ဖောင်ဒေးရှင်းဆိုတာ သူ့ရဲ့လှူချင်တန်းချင်၊ ပေးချင်၊ ကမ်းချင်တဲ့ စိတ်တွေ ကြောင့်ဖြစ်လာတာ။ လမ်းဘေး မှာနေမကောင်းဖြစ်နေ တဲ့သူ တွေပဲဖြစ်ဖြစ်၊ဂျာနယ် လက်ပွေ့ရောင်းနေ တဲ့သူပဲဖြစ်ဖြစ် အဲဒီလိုမျိုးတွေ့ပြီဆိုရင်ပါလာသမျှ ပိုက်ဆံတွေအကုန်ပေးတာ။ အဲဒီလိုအကြိမ်ပေါင်းမြောက်မြားစွာပေးခဲ့တယ်။ အဲဒီတော့ စနစ်တကျကူ ညီပေးနိုင်ရင် ပိုကောင်းမယ်ဆိုပြီးတော့ ဖောင်ဒေးရှင်းထူထောင်ဖို့ဖြစ်လာတာ” ဟု ဆာတိုရီဗီဒီယိုထုတ်လုပ်ရေးပရိုဂျူဆာ ဦးမျိုးဇော်က ပြောပြသည်။

ရဲတိုက်ဖောင်ဒေးရှင်း ကို စတင်တည်ထောင်ဖြစ်သည့်အထဲတွင်
သရုပ်ဆောင် ရဲတိုက်နှင့်အတူ ဆာတိုရီဗီဒီယို ထုတ်လုပ်ရေးပရိုဂျူဆာ
ဦးမျိုး ဇော်၊ သတင်းစာဆရာ ဦးရဲနိုင်မိုး၊ မန္တလေးက စာရေးဆရာ ကျော်ရင်မြင့်၊
စာရေးဆရာ ဦးညီပုလေးတို့၏လမ်းညွှန်မှုများနှင့် အတူ ရည်ရွယ် ချက် ကောင်းသောဖောင်ဒေးရှင်း တစ်ခုကိုတည်ထောင်နိုင်ခဲ့သည်။
ရဲတိုက်ေ ဖာင်ဒေးရှင်း စတင်တည်ထောင်စဉ်ကာလတုန်းက သရုပ်ဆောင် ရဲတိုက်က သူ၏ရည်ရွယ်ချက်တွေကို ပြောပြခဲ့တာရှိသည်။

ယင်းရည်ရွယ်ချက်မှာ..

” တစ်ခုက Street Children လမ်းပေါ်မှာ မိဘမဲ့ဖြစ်နေတဲ့ ကလေးတွေရဲ့ဘဝရှေ့ရေးအတွက်ဘာလုပ်ပေးနိုင်မလဲ၊ ပြီးတော့ဒုက္ခသည် ကယ်ဆယ်ရေးစခန်း၊ အရင်တုန်း ကဆို ဒုက္ခသည်ကယ်ဆယ်ရေးစခန်းဆိုတာ ဘယ်နေရာမှာမှ သိပ်မရှိဘူးလို့ထင်ရတာ။ အခုခေတ်မှာ ဒုက္ခသည်စခန်း ဆိုတာနေရာတိုင်းနီးပါးမှာ ကွဲကွဲပြားပြားေ တွ့လာရတာ စိတ်မကောင်းစရာကြီး။

ကိုယ်ရှင်သန်နေထိုင်တဲ့ ကမ္ဘာကြီးက သိပ်မကျန်းမာဘူးဆိုတာလည်း ရိပ်မိတယ်။အဲဒီအတွက် ကိုယ်လည်း တစ်ခုခုတော့ေ ပးဆပ်ခဲ့ရ မယ်ဆိုတာသဘောပေါက်တယ်။ အဲဒါကြောင့်ရှေ့ဆက်လုပ်မယ့် အစီအစဉ်၊ရည်ရွယ်ထားတာတွေအများကြီးပဲ။ လက်ဖက်ရည်ဆိုင်မှာ ကလေးတွေ အလုပ် လုပ်တာ၊ ဈေးရောင်းတာတွေ မရှိတော့တဲ့ အထိ ဖြစ်စေချင်တာ။ ကလေးဆိုတာ ကလေးနေရာမှာပဲ ပညာသင်၊ဆော့ ကစားပျော် ပါးရင်းနဲ့လွတ် လွတ်လပ် လပ်နေစေ ချင်တာ” ဟု သရုပ်ဆောင် ရဲတိုက်ကပြောခဲ့ဖူးသည်။

ရဲတိုက်ဖောင်ဒေးရှင်း၏ အဓိကရည်ရွယ်ချက်ကြီးနှစ်ခုသည် မိဘမဲ့ကလေးငယ်များ၊ လေလွင့်ကလေးငယ်များ၏ ဘဝများကိုပြန်
လည်ကာဖြည့် ဆည်းကူညီထောက်ပံ့ပေး၍ ပညာရေးကို အဓိက ပံ့ပိုးပေးချင်သောရည်ရွယ်ချက်နှင့် နောက်ရည်ရွယ်ချက်တစ်ခု ကတော့ သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့ပါကဒုက္ခ ရောက်သူများကို
အလျင်မြန် ဆုံး၊အထိရောက်ဆုံးအရေး ပေါ်ကူညီနိုင်ဖို့ရန်ကြောင်း သိရသည်။

ရဲတိုက်ဖောင်ဒေးရှင်းသည် ပြီးခဲ့သည့်နှစ် ၂ဝ၁၃ ခု နှစ်၊ ဧပြီ ၈ ရက်မှ
၁၃ ရက်နေ့ အတွင်း ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များကို အလှူငွေကျပ်သိန်း ၃ဝဝ ကျော် သွားရောက်လှူဒါန်းခဲ့သည်။ ကချင်ပြည်နယ်ရှိ စစ်ပြေး ဒုက္ခ သည်စခန်းများဖြစ်သော တရုတ်ပြည် နယ်စပ်ရှိဒုက္ခ သည်စခန်းအပါအဝင် ဝိုင်း မော်မြို့ရှိ စစ်ဘေးဒုက္ခသည် စခန်း၊မြစ်ကြီးနားမြို့ရှိ ဒုက္ခ သည် စခန်း (၁၁) ခုတို့တွင် သွားရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် တာလွေငလျင်၊ ဆိပ်ဖြူရေဘေး၊ စက်ဆန်းဂိုဒေါင်မီးဘေးခံရသူများကို လည်းထောက်ပံ့ကူညီပေးခဲ့သည်။

ရဲတိုက်ဖောင်ဒေးရှင်းသည် အခြားဖောင်ဒေးရှင်းများကဲ့သို့ အင်အားတောင့်တင်းသည့်အထဲတွင် မပါဝင်သော်လည်း သရုပ်ဆောင် ရဲတိုက်သည် ဖောင်ဒေးရှင်းအတွက် အလှူငွေများကို ၎င်းကိုယ်တိုင် အိမ်တိုင်ရာရောက်လိုက်လံအလှူငွေများကောက်ခံပြီးကာ မှရရှိလာသည့်အလှူငွေအစုစုဖြင့်သာ လှူဒါန်းခြင်းဖြစ်သည်ဟု ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးပရိုဂျူဆာ ဦးမျိုးဇော်က ပြောပြသည်။

သရုပ်ဆောင် ရဲတိုက် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၄ ရက်နေ့က ပဲခူးတိုင်းဒေ သကြီး ကျောက် တံခါးမြို့ နယ် မှာ ဆေြးေ ခာက်ဟု ယူဆရနိုင်သော အရွက်ခြောက်တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနှင့် ဖမ်းဆီးစစ်ဆေး ခံရပြီးနောက် ရဲတိုက်ဖောင်ဒေးရှင်း၏ လှုပ်ရှားဆောင် ရွက်မှု များ ကို ခေ တ္တရပ်နားထားခဲ့သည်။

” ရဲတိုက်ဖောင်ဒေးရှင်းကို ရဲတိုက်အဖမ်းခံရတဲ့အချိန်ကတည်းကစပြီးတော့ ရပ်ထားတယ်။ ရဲတိုက် ဖောင်ဒေးရှင်းကို အဓိကတည်ထောင်သူက ရဲတိုက်ပဲဖြစ်တဲ့အတွက် ကျွန်တော်တို့ကဝိုင်းဝန်းကူညီပေးကြတာပါ။

ဒီမှာလည်း နာယက အဖွဲ့ရှိပါတယ်။ အဲဒီတော့ နာယကအဖွဲ့ကလည်း ရဲတိုက်ကိုယ်တိုင်ရှိမှပဲ ဆက်လုပ် တာ ကောင်း မယ် ဆိုပြီးဆုံးဖြတ်ကြတော့ ခေတ္တခဏဆိုင်းငံ့ထားမယ်ဆိုပြီး အခု ဆိုင်းငံ့ထားပါ တယ်။ ဖောင်ဒေးရှင်းငွေတွေကတော့ဘဏ်ထဲမှာ အပ်ထားတာပါ။ ရဲတိုက် ဖောင်ဒေးရှင်း ဆို တာအမြဲတမ်း ဆက်ရှိနေပါမယ်” ဟု ဆာတိုရီ ဗီဒီယိုထုတ်လုပ်ရေး ပရိုဂျူဆာ ဦးမျိုးဇော်က ပြောပြခဲ့သည်။

ထက်လူလူ