ကချင်ပြည်နယ်တွင် လုံခြုံရေး အခြေအနေကောင်းမှ သာလျှင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်

ပို့စ်တင်ချိန် - 5/07/2014 02:14:00 PM


ကချင် ပြည်နယ်တွင် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အတွက် လုံခြုံရေး အခြေအနေ ကောင်းမွန် မှ သာလျှင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံမှ သတင်း ရရှိသည်။ ကျွန်တော်တို့ အနေ နဲ့က တော့ ဒေသတွင်း တည်ငြိမ် အေးချမ်းပြီး လုံခြုံရေး အခြေအနေ ကောင်းမယ် ဆိုရင် ကျင်းပပေး မှာ ပါ ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က The Messenger သတင်းစာသို့ ပြောသည်။ ကချင် ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပ ခဲ့စဉ်က လုံခြုံရေး အခြေအနေ အရ အချို့နေရာ များတွင် ရွေးကောက်ပွဲ ပြုလုပ် နိုင်ခဲ့ခြင်း မရှိ သကဲ့သို့ ၂၀၁၂ ခုနှစ် တွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပ ခဲ့စဉ်က ကချင်ပြည်နယ် အတွင်း လစ်လပ်လျက် ရှိသော ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် သုံးခုတွင် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲများ ကျင်းပရန် လုံခြုံရေး အခြေအနေ မရှိ၍ မကျင်းပ နိုင်ခဲ့ကြောင်း သိရသည်။လက်ရှိ အနေအထား ရတော့လစ်လပ်နေတဲ့ မဲဆန္ဒနယ် တွေမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ် ဆိုရင် ကျင်းပပေးလို့ ရပါတယ်။ လုံခြုံရေး အခြေအနေ အရလည်း ကောင်းတယ်။ ပြီးတော့ အဲဒီနေရာ တွေက တိုက်ပွဲ မဖြစ်တာတောင် ကြာ နေပြီ””ဟု ကချင် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ က The Messenger သတင်းစာ သို့ ပြောသည်။လက်ရှိအချိန်တွင် ကချင်ပြည်နယ် တွင် မိုးကောင်း မြို့နယ်၊ ဗန်းမော် မြို့နယ်၊ ဖားကန့် မြို့နယ်၊ ၀ိုင်းမော်မြို့နယ် တို့တွင် လစ်လပ် မဲဆန္ဒနယ် လေးနေရာ ရှိကြောင်း သိရသည်။ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ယခုနှစ် ပွင့်လင်း ရာသီတွင် လစ်လပ် နေသောမဲဆန္ဒနယ်များအတွက်ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်
ေေေ ပေးသွားမည် ဖြစ်ကြောင်း လွှတ်တော်တွင် ပြောကြား ထားသည်။

ဧပြီလနှင့် ယခုလအတွင်းတွင် ကချင် ပြည်နယ်၌ ကချင် လွတ်မြောက်ရေး တပ်မ တော် (KIA/KIO)နှင့်တပ်မတော်တို့အကြားတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ဒေသခံ
တိုင်းရင်းသားများ သောင်းချီထွက် ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများကို လျှော့ချရန်အတွက် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA/KIO) နှင့် တပ်မတော် ကိုယ်စားလှယ်များ ယခုလ(၁၃)ရက်နေ့ တွင် မြစ် ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
The Messenger