တာဝန်ကျရဲတပ်သားနှစ်ဦးအား ရိုက်နှက်ပြီး ရဲကင်းအဆောက်အဦးနှင့် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီး

ပို့စ်တင်ချိန် - 5/25/2014 08:25:00 PM


ကသာ မေ ၂၄

ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ လိပ်စောအုပ်စု ၊ တောယောကျေးရွာ၌ မေ (၂၂) ရက်နေ့ ၊ ည (၇း၄၅)အချိန်က တာဝန်ကျရဲတပ်သားနှစ်ဦးအား ရိုက်နှက်ပြီး ရဲကင်းအဆောက်အဦးနှင့် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ တောယောကျေးရွာ ရဲကင်း၌ တာဝန်ကျသည့် တပ်သားကျော်မိုးနှင့် တပ်သား ကျော်မောင်မောင်ကို တို့သည် မြို့နယ်တရားရုံးမှ ထုတ်ဆင့်သည့် ရာသေးအမှတ် ၁၂/၁၄ ၊ လူ/ပစ္စည်း ၀ရမ်းကပ်အား အဆိုပါကျေးရွ ရွာအလယ်ရေတွင်းအနီး၌ တက်နေစဉ် ရွာသား ဦးမောင်ရွှေမှ မြင်၍ ရွာထဲသို့ ထွက်ပြေးသွားကာ ကနန်းစကားဖြင့် အော်ဟစ်ရာ ရွာသား (၂၀)ဦးခန့်က တုတ်၊ဓားများ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ၀ိုင်းလိုက်သဖြင့် ကျေးရွာခေါင်းဆောင် ဦးထွန်းဝေ၏ နေအိမ်အပေါ်ထပ်သို့ တက်ပြေးပုန်း ခိုခဲ့သော်လည်း ရွာသား (၁၀) ဦးခန့်က နေအိမ်အပေါ် ထပ်မှ ရှေ့လမ်းမပေါ်သို့ ဆွဲချပြီး လူ(၅၀)ခန့်က ၀ိုင်းရိုက်နှက်ကြသည်။

ဆက်လက်ပြီး လူအုပ်သည် ရဲတပ်သားနှစ်ဦး စီးနှင်းလာသော ဆိုင်ကယ်နှစ်စီးနှင့် ရဲကင်းရှိရာသို့ သွားရောက်ပြီး ရဲကင်းအဆောက်အဦးအား ဖျက်ဆီးကြသည်။

အဆိုပါ အခင်းဖြစ်ပွားစဉ် ဒဏ်ရာများရရှိထားကြသည့် တပ်သားနှစ်ဦးအား တောယောကျေးရွာမှ လိပ်စော ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းနေအိမ်သို့ ပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်အား သတင်းရလျှင်ရခြင်း မြို့နယ်ရဲမှူး တင်မောင်နှင့် တပ်ဖွဲ့ဝင်များ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းကို ဒီအခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ပြီး ဒဏ်ရာများ ရရှိထားကြသည်။ တပ်သားနှစ်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ဖြစ်စဉ် ၌ ပါဝင်ပတ်သက်သူများအား အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar