အမေးကမ္ဘာ တွေးစရာ

ပို့စ်တင်ချိန် - 5/21/2014 08:50:00 PM


မေး။ ကမ္ဘာ့ ပထမဆုံးတင့်ကားကို တီထွင်တာ ဘယ်နိုင်ငံလဲ၊ ဘယ်သူလဲ၊
ဘယ်အချိန်က ထွင်ခဲ့တာလဲ၊ ဘယ်လို အလုပ်လုပ်သလဲ။

ဖြေ။ မြန်မာပြည်မှာ တပင်ရွှေထီးက တောင်ငူခေတ်ဦး အေဒီ ၁၇ ရာစုဝန်းကျင်မှာ
ထွင်ခဲ့တာပါ။ ဆင်ပေါ် အမြောက် တင်ပြီး ပစ်တယ်ခင်ဗျ။ သည်တင့်ကားက
တောင်ပေါ်လည်းတက်နိုင်၊ တောလည်းတိုးနိုင်ပြီး မောင်းဖို့ဓာတ်ဆီလည်း
ထည့်စရာ မလိုဘူး။ ဆင်က သွားရင်းလာရင်း သူ့အစာသူ ရှာစားတယ်။

မေး။ ကမ္ဘာ့ ပထမဆုံးဝိုင်ယာလက်စ် တက္ကနိုလိုဂျီကို ဘယ်နိုင်ငံက
စသုံးခဲ့လဲ။ ဘယ်တုန်းက စလဲ။ ဘယ်လို အလုပ်လုပ်လဲ။
ဖြေ။ မြန်မာနိုင်ငံပါပဲ။ ပျူခေတ်ကတည်းကပါ။ ရန်သူလာရင် စည်တီးပြီး
အချက်ပေးရင်း ဆည်ချိုးချတဲ့နေရာမှာ သုံးခဲ့ပါတယ်။

မေး။ တယ်စွမ်းတဲ့မြန်မာတွေပဲ။ ကဲ သည်မြန်မာတွေ ခုဘာလုပ်လို့ ဘာဖြစ်နေလဲ။
ဖြေ။ ဆရာရော ခုဘာလုပ်နေလဲ။

မေး။ မေးတာ မဖြေဘဲ မင်းဘာစကား ပြောတာလဲ။ မင်း စော်ကားတာလား။ မင်း
မိုက်ရိုင်းလှချည်လား။

ရဲစတိုင်း
The Myanma Age