ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး

ပို့စ်တင်ချိန် - 5/08/2014 07:55:00 PM


ခင်ဦး ၊ မေ(၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ(၇)ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊အသက်(၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ်(၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။

အဆိုပါ ဆိတ်(၁၅)ကောင်၏ ကာလတန်ဘိုးမှာ (၁၀)သိန်း(၅)သောင်းကျပ် ဆုံးရှုံးခဲ့သည်။
မိုးကြိုးထိမှန်သေဆုံးသူ ဒေါ်ထွေးညိုအား ရွာစဉ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခင်ဦးရဲစခန်းမှ သေမှုသေခင်းဖွင့်ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar