တရုတ်နိုင်ငံသား တစ်ဦး၏ အစစ်ခံထွက်ဆိုချက်အရ လားရှိုးမြို့တွင် လက်နက်/ခဲယမ်းများ သိမ်းဆီးရမိ

ပို့စ်တင်ချိန် - 5/17/2014 04:51:00 AM


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၃)၊ လယ်ကွင်းအနီး၊ ၀ါးရုံပင်အောက် အကျယ်(၁၂)ပေ၊ အနက်(၆)ပေရှိ ရေချောင်းအတွင်းမှ AKအမျိုးအစား သေနတ် (၂)လက်၊ ၄င်းကျည်အိမ် (၂)ခု၊ မောင်းတုံ(၁)ခု၊ ၆.၇၂ကျည် (၁၃၀)တောင့်၊ ဒီတိုနေတာ (၁၃)ချောင်း၊ တရုတ်နိုင်ငံလုပ် ရှေ့ထွက်မိုင်း (၄)လုံး၊ ရှေ့ထွက်မိုင်း ဆက်စပ်ပစ္စည်း(၄)ခု၊ 9V ဘက်ထရီ (၄)ခု၊ လှံစွပ်(၁)ချောင်း၊ ပြောက်ကျားယူနီဖောင်း အ၀ါရောင်(၃)စုံနှင့် အစိမ်းရောင်(၄)စုံ၊ တရုတ်နိုင်ငံလုပ် ဘေးလွယ်အိတ် (အသေး) ၁လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သက်ဆိုင်ရာတပ်မှ သိမ်းဆည်းသွားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိရှိရပါသည်။ အဆိုပါ လက်နက်ခဲယမ်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၈ဦးအနက် တရုတ်နိုင်ငံသား တစ်ဦး၏ အစစ်ခံထွက်ဆိုချက်အရ ၁၅.၅.၂၀၁၄ရက်နေ့ ၁၂၀၀အချိန် ရှမ်းပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမျိုးရှိန်းဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အစစ်ခံထွက်ဆိုသည့်နေရာအား အသေးစိတ် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာမှ တွေ့ ရှိသိမ်းဆည်း ခဲ့တာဖြစ်ကြောင်း သိရပါသည်။

ကိုတိုး ချင်းတွင်း