ကော်မရှင်၏ သတိပေးစာ၊ လူထုမျက်နှာ မူရေးနှင့် လူထုခေါင်းဆောင်

ပို့စ်တင်ချိန် - 5/29/2014 07:43:00 PM



ဒေါ်အောင်ဆန်းစုကြည် ထံလိပ်မူပေးပို့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတိ ပေးစာကို အကြောင်းပြုလျက် အောက်ခြေပြည်သူလူထုအနေ ဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် လွတ်လပ်၍တရား မျှတသောရွေးကောက်ပွဲကျင်းပ ရေးတို့အပေါ် ယုံကြည်မှုကျဆင်း လာနိုင်ခြေရှိသည့်အားလျော်စွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သမာသမတ်ရှိရှိ၊ မယိမ်းမယိုင်၊ ကြားနေရပ်တည်နိုင်ရန် ပဓာနကျသည်။
———–
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်ထံပေးပို့ခဲ့သော ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိ ပေးစာပါ သုံးသပ်ချက်များသည် ပြည်သူလူထုအများစု၏အမြင် နှင့် ဖီလာဆန့်ကျင်နေသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်သော၊ တရားမျှတသော၊ ဘက်မလိုက် သော အမြင်သဘောထားများကို ထုတ်ပြန်နိုင်ပြီး ပြည်သူလူထု အများစု၏ ဆန္ဒသဘောထားများကိုလွှမ်းခြုံနိုင်မှသာ မဲဆန္ဒရှင်ပြည်သူအများစု၏ ယုံကြည်မှုကိုရရှိနိုင်မည်ဖြစ်သည်။

၂၀၁၄ မေလ ၂၂ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အတွင်းရေးမှူး ဦးတင်ထွန်း လက်မှတ်ရေးထိုး ထားသော ဖွဲ့စည်းပုံအခြေခံဥပ ဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်များ ကို သတိပြုလိုက်နာဆောင်ရွက် နိုင်ရေးအသိပေးအကြောင်းကြား စာတစ်စောင်ကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့ခဲ့သည်။

အကယ်စင်စစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များ နှင့်ပတ်သက်၍ သတိပြုလိုက်နာ ဆောင်ရွက်နိုင်ရေး အသိပေးရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသည်သာ တာဝန်ရှိ  သည့်အလျောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို သတိပြုလိုက်နာဆောင်ရွက်နိုင်ရေးအသိပေးမှုသည် ဘောင်မဝင်၊ လွဲချော်မှုတစ်ခုဟု သုံးသပ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်များသည် ဖွဲ့စည်း ပုံအခြေခံဥပဒေက ခွင့်ပြုထား သောဘောင်အား ကျော်လွန်မှုရှိ၊ မရှိကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့်သာ ထောက်ပြရမည်ဖြစ်သည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးအနေ ဖြင့်လည်း အပြန်အလှန်ကြားနာ ပြီး အဆုံးအဖြတ်ပြုရမည်ဖြစ် သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂ (က)အရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များကို အနက်အဓိ ပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ပြီး ပုဒ်မ ၃၂၅ (စ)အရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင ဥက္ကဋ္ဌအနေဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံး ဖြတ်ချက်နှင့် သဘောထားရယူ ရန် ခုံရုံးသို့တိုက်ရိုက်တင်သွင်းရ မည်ဖြစ်သည်။

‘‘ကျွန်မတို့တပ်မတော်ဟာ အမှန်တရားကိုရင်ဆိုင်ရပါမယ်။ ရင်ဆိုင်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင်လို့ ဥပ ဒေဘောင်အတွင်းက လွှတ်တော် အတွင်းကနေပြီးတော့ ကျုပ်တို့ တွေပြင်ဆင်သွားမယ်။ ကျုပ်တို့ တွေဟာ အာဏာမက်မောလို့၊ အထူးအခွင့်အရေးမက်မောလို့၊ နေရာမက်မောလို့လုပ်နေတာ မဟုတ်ဘူးဆိုတာ သက်သေထူ လိုက်ပါလို့ ကျွန်မကတိုက်တွန်း ချင်ပါတယ်။ တိုက်တွန်းတယ်ဆို ပေမယ့် တစ်နည်းအားဖြင့်ပြော ရရင် စိန်ခေါ်မှုလို့လည်းပြောလို့ ရပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်၏ ပြောကြားချက်သည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပ ဒေပါပြဋ္ဌာန်းချက်များကို ကျော် လွန်မှုလုံးလုံးမရှိသည်မှာ အထင် အရှားဖြစ်သည်။

တပ်မတော်အနေဖြင့် အမှန် တရားကိုရင်ဆိုင်ရန်၊ ပြည်သူ အတွက်အကောင်းဆုံးအခြေခံ ဥပဒေဖြစ်ဖို့ ဥပဒေဘောင်အတွင်း၊ လွှတ်တော်အတွင်းက ပြင်ဆင် ရန် အာဏာ၊ အထူးအခွင့်အရေး၊ နေရာမက်မော၍လုပ်နေခြင်း မ ဟုတ်သည်ကို သက်သေထူရန် တိုက်တွန်းမှုသာဖြစ်သည်။ စိန် ခေါ်မှုဟုသုံးနှုန်းခြင်းသည် ထိပ် တိုက်ရင်ဆိုင်သည့်သဘောမ ဟုတ်သည့်အပြင် တပ်မတော်နှင့် ပြည်သူလူထုအကြား ရင်ကြားစေ့ ရေးကို စိတ်စောနေသည့် အခြေခံ ဥပဒေပြင်ဆင်ရေးအခွင့်အလမ်း အား အမိအရဆုပ်ကိုင်ရေးကို ဦးတည်သော မြင့်မြင့်မားမား တိုက်တွန်းမှုတစ်ခုဟုသာသုံးသပ် နိုင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေရှင်း လင်းဆွေးနွေးပွဲများပြုလုပ်ရာ တွင် ပါတီအနေဖြင့်ဖြစ်စေ၊ ပါတီ ဝင်တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ မိမိတို့ဝန်ခံလက်မှတ်ရေးထိုးထား သည့် (သို့မဟုတ်) ကတိသစ္စာပြု ထားသည့်ဖွဲ့စည်းပုံအခြေခံဥပ ဒေကို လေးစားလိုက်နာရန်တာ ဝန်နှင့် တည်ဆဲဥပဒေများနှင့် အညီ ဆွေးနွေးဟောပြောမှုများ ဖြစ်စေရန် တာဝန်တို့ကို သတိပြု ဆောင်ရွက်ကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးအကြောင်းကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည် ဆဲဥပဒေများကို လေးစားလိုက် နာခြင်းတွင် ပွင့်လင်းမြင်သာမှုရှိ ရှိ၊ ဝေဖန်သုံးသပ်မှုများ၊ တိုက် တွန်းမှုများ၊ အကြံပေးမှုများကို တားမြစ်ထားခြင်းမရှိသည့်အပြင် ပြည်သူလူထုအကြား ပွင့်ပွင့်လင်း လင်းဝေဖန်ထောက်ပြမှုများသည် တရားဥပဒေစိုးမိုးရေးကို ထိန်း သိမ်းစောင့်ရှောက်ရန် ပျက်ကွက် သည်ဟု ကောက်ချက်ပြု နိုင်ကြောင်း ဖော်ပြထားခြင်းမရှိပေ။

နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ၊ ပုဒ်မ ၆(ခ)အရ တရားဥပဒေစိုးမိုးရေးနှင့် အေး ချမ်းသာယာရေးကို ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ပုဒ်မ ၆(ဂ) အရ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ထိန်းသိမ်းစောင့်ရှောက် ရေးတို့ကို စောင့်ထိန်းလိုက်နာ မည်ဟု ခံဝန်ချက်ပြုထားရာတွင် ပုဒ်မ (၆)ပါ ပြဋ္ဌာန်းချက်တစ်ရပ် ရပ်ကို လိုက်နာရန်ပျက်ကွက် သည်ကိုတွေ့ရှိသဖြင့် ကော်မရှင် က လိုက်နာဆောင်ရွက်ရန် ညွှန် ကြားခြင်းဖြစ်သည်။ အဆိုပါဟောပြောပွဲများသည် တရားဥပဒေစိုး မိုးရေး၊ အေးချမ်းသာယာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်း သိမ်းစောင့်ရှောက်ရေး စောင့်ထိန်းလိုက်နာရန်ပျက်ကွက်သည် ဟုတွေ့ရှိသောအချက်များကို ကော်မရှင်အနေဖြင့် အပြည့်အဝ ကိုးကားဖော်ပြရန်လိုအပ်ပြီး ပါတီ အနေဖြင့်လည်း ပြန်လည်ဖြေရှင်း ခွင့်ရရန် လိုအပ်မည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄(က)အရ ပါတီတစ်ခုသည် ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ် ထုံးလုပ်နည်းများ၊ အမိန့်ကြော် ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက် များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် (သို့မဟုတ်) တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက် နာခြင်းမရှိကြောင်း ကော်မရှင်က တွေ့ရှိလျှင် ထိုပါတီအား လိုအပ် သည်များကိုလိုက်နာဆောင်ရွက် ရန် အချိန်ကာလသတ်မှတ်၍ ညွှန်ကြားနိုင်သည်ဟုဖော်ပြထား သည်။

ပုဒ်မ ၂၄ (ဂ)တွင် ပုဒ်မ ၂၄(က)အရ ညွှန်ကြားသည့် အတိုင်း တိကျစွာလိုက်နာဆောင် ရွက်ရန် ပျက်ကွက်ပါက ကော် မရှင်သည် ယင်းပါတီအား နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်ထား ခြင်းကိုသုံးနှစ်အထိ ယာယီရပ် ဆိုင်းနိုင်ပြီး လိုအပ်ပါက ပါတီ မှတ်ပုံတင်ခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းနိုင်သည်ဟုဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်စိန်မှန်နှင့် အောင်ပင်လယ် မိန့်ခွန်းများသည် တရားဥပဒေစိုး မိုးရေးနှင့် အေးချမ်းသာယာရေး ကိုထိန်းသိမ်းစောင့်ရှောက်ရန် ပျက်ကွက်သည်ဟု ခိုင်လုံသော အထောက်အထားမပြနိုင်သည် မှာ အထင်အရှားဖြစ်သည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်တွင်း မှပြင်ဆင်နိုင်ရန်ထောက်ခံဖို့ စည်းရုံးဟောပြောခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုထိန်းသိမ်းစောင့် ရှောက်ရန် ပျက်ကွက်ခြင်းဟု ကောက်ချက်မပြုနိုင်ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တပ်မတော်နှင့်ဆိုင်သောပြဋ္ဌာန်း ချက်များပါဝင်သည့် ပုဒ်မ(၅၉)ခု တွင် တပ်မတော်၏အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးကဏ္ဍများ၌ ပါ ဝင်မှု၊ တပ်မတော်နှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များပါဝင်သည့်ပုဒ်မ များအား ဝေဖန်သုံးသပ်မှု၊ အကြံ ပြုမှု၊ တိုက်တွန်းဆော်သြမှုတို့ သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဘောင်ကိုကျော်လွန်သည်ဟု လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မညီဟုလည်းကောင်း ဖော်ပြထားခြင်းမရှိသည်ကိုတွေ့ ရှိရသည်။ ထို့ကြောင့် ဒေါ်အောင် ဆန်းစု၏ တပ်မတော်၊ တပ်မ မတော်သားများနှင့် ပတ်သက် သော စည်းရုံး၊ တိုက်တွန်း၊ ဝေဖန် သုံးသပ်ဟောပြောမှုများသည် ဖွဲ့ စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်များ၏ဘောင်ကို ကျော်လွန် သည်ဟု ကောက်ချက်မပြုနိုင်ပေ။

အချုပ်အားဖြင့် ဆိုသော် ကော်မရှင်၏ သတိပြုလိုက်နာ ဆောင်ရွက်ရေးအကြောင်းကြား စာသည် ဥပဒေပါပြဋ္ဌာန်းချက်များ နှင့်ညီညွတ်မှုမရှိကြောင်း ထောက်ပြထားသော်လည်း အချက် အလက်ပြည့်စုံမှုမရှိသည့်အပြင် မဲဆန္ဒရှင်ပြည်သူလူထုအများစု၏ အမြင်သဘောထားနှင့်လည်း အံဝင်ခွင်ကျမဖြစ်သည်ကို သတိပြုမိသည်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၊ ကော်မရှင် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် များ၊ ညွှန်ကြားချက်များနှင့်ပတ် သက်၍ ပြည်ထောင်စုလွှတ်တော် တွင် ပြန်လည်သုံးသပ်ဆန်းစစ်ရန် လိုအပ်သည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များ နှင့်ကိုက်ညီမှုရှိ၊ မရှိကိုလည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အနေဖြင့် စဉ်ဆက်မပြတ်စောင့် ကြည့်လေ့လာသုံးသပ်နေရန်လို အပ်မည်ဖြစ်သည်။ ပြည်သူဗဟိုပြု အစိုးရ၊ပြည်သူ့အသံနှင့်တစ်ထပ်တည်းကျသော လွှတ်တော်များကိုဖော်ဆောင်ရာတွင် ပြည် ထောင်စုအဆင့်အဖွဲ့အစည်းဖြစ် သော ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည်လည်း ပြည်သူ ကိုမျက်နှာမူလျက် ပြည်သူ့အသံ ကိုနားစွင့်သင့်ပါကြောင်း တိုက် တွန်းလိုက်ရပါသည်။

7day