ငါးကြော်ထဲမှငါးမြှားချိပ် တစ်ခုပါလာ…

ပို့စ်တင်ချိန် - 5/21/2014 01:48:00 PM


သတိထားကြပါ!

တောင်သမန်းအင်းတွင် ငါးကြော်စားလျှင် ဂရုစိုက်ပါ။ အင်းစောင်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှ အကြော်မျိုးစုံ မှာစားရာ၊ ငါးတစ်ကောင် အတွင်းမှ … ငါးမှမြိုထားသော ငါးမြှားချိပ် တစ်ခုပါလာပြီး … ဝါးမိရာ… ကံကောင်းစွာ ဂရုစိုက်လိုက်သဖြင့် အသိတရား လက်ဦးသွားခဲ့ပါသည်။ ဂရုမစိုက်မိ လိုက်ပါက … ထို့ကြောင့် မိတ်ဆွေများအားလုံးလည်း ဂရုစိုက်စေလိုပါသည်။

သွားသတိ၊ စားသတိ သူငယ်ချင်းတို့ရေ။ တောင်သမန်အင်းမှ မဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း ငါးကြော်စားရင် သတိထားကြပါ။ သူများတွေလည်း သိသွားမြင်သွားအောင် ရှဲ ပေးကြပါဦး။

Credit – Tin Mg Cho