ပြည်ထောင်စုဝန်ကြီးတွေ ရောက်ခိုက် ဘူးသီးတောင်နှင့် မောင်တောတွင် ကားတွေ ချောဆွဲခံရ

ပို့စ်တင်ချိန် - 5/10/2014 12:39:00 PM


ပြည်ထောင်စု ၀န်ကြီးတွေ ရောက်ခိုက် မောင်တောနဲ့ ဘူးသီးတောင်မှာကားတွေ ချောဆွဲခံခဲ့ရတယ်လို့ ဒေသအတွင်းက ကားပိုင်ရှင်တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်ကလည်း မောင်တောမှာ ကားတွေ အများအပြား ချောဆွဲခံခဲ့ရပြီး မနေ့ကတော့ ဘူးသီးတောင်မှာ ထပ်မံ ချောဆွဲခံခဲ့ရတယ်လို့ ပြောပါတယ်။

မောင်တောမှာ ချောဆွဲခံရတုန်းက တစ်နေ့ကို သုံးသောင်းခွဲနဲ့ (၂) ရက်အတွက် ကျပ် ခုနှစ်သောင်းပေးခဲ့ပြီး ပေးတဲ့ နုန်းထားဟာ အလွန်နည်းတယ်လို့ သူတို့က ပြောပါတယ်။

မနေ့ကတော့ ဘူးသီးတောင်မြို့ကို ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်း၊ ဝန်ကြီး ဦးတင်နိုင်သိန်း၊ ဝန်ကြီး ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ ဝန်ကြီး ဦးခင်ရီတို့ ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ကားတွေကို ချောဆွဲတဲ့ စနစ် ပျောက်နေတာ ကြာနေပီ ဖြစ်ပြီး အခုတစ်လော ထပ်မံပြီး ကားတွေကို ချောဆွဲတာ ပေါ်ပေါက်လာတဲ့ အတွက် အရပ်သားအစိုးရလက်ထက်မှာ ဒါမျိုးတွေ မဖြစ်သင့်တော့ဘူးလို့ ကားပိုင်ရှင်တွေက ပြောပါတယ်။

Narinjara