မော်တော်ယာဉ်၌ ရဲတပ်ဖွဲ့စာတမ်းနှင့် စတေကာတံဆိပ်များအား အယောင်ဆောင်တပ်ဆင်အသုံးပြုသူကို စစ်ဆေးအရေးယူ

ပို့စ်တင်ချိန် - 5/09/2014 03:57:00 PM


ရန်ကုန်၊ မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း၌ POLICE စာတမ်းနှင့် ရဲတပ်ဖွဲ့တံဆိပ် ကပ်ထားသည့် YGN 9D 3595 နံပါတ်
တပ်ဆင်ထားသော မော်တော်ယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိ

ကြောင်းသတင်းအရ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း
နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်နေစဉ် ၈.၅.၂၀၁၄ ရက်နေ့ ၁၆၅၀ အချိန်
တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးအနောက်ရပ်ကွက်၊
ဒေါ်သိန်းတင်လမ်းနှင့်(၈၇)လမ်းထောင့်တွင် အဆိုပါYGN 9D-3595 နံပါတ်တပ်ဆင်ပြီး POLICE စာတမ်းနှင့် ရဲတပ်ဖွဲ့တံဆိပ်တပ်ဆင်ကာ အဖြူရောင်ပေါ်တွင် အနက်ရောင် စတေကာများကပ်ထားသော
TOYOTA Probox အမျိုးအစားယာဉ်အား ရပ်ထားသည်ကိုတွေ့ရှိရပြီး ယာဉ်၏ဘေးတွင် ပိုင်ရှင်ဖြစ်သူ ယာဉ်မောင်း ဇေယျာနောင်(ခ)
ဇေယျာမင်း(ခ)အဒွတ်၊ (၁၉)နှစ်၊ (ဘ)ဦးလှချို၊ ကန်တော်လေး အနောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေသူကို တွေ့ရှိရ
ပါသည်။



အဆိုပါယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ ရဲတပ်ဖွဲ့၏
အသုံးအဆောင်ပစ္စည်းများ၊ စတေကာတံဆိပ်များ၊ ကတ်ပြားများအား
လည်းကောင်း၊ လေးဆစ်ချိုးသံတုတ်အနက်ရောင်(၁)ချောင်း၊ Pietro စာတမ်းပါ ကော်သေနတ်(၁)လက်၊ ယာဉ်နှင့်ပတ်သက်သည့်
စာရွက်စာတမ်းများ၊ YGN 9D-3595 နံပါတ်ပါ အနီရောင်
ယာဉ်နံပါတ်ပြား(၂)ခုနှင့် အနက်ရောင်ယာဉ်နံပါတ်ပြား(၁)ခုတို့ကို
လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ယင်းကဲ့သို့ ရဲတပ်ဖွဲ့၏အသုံးအဆောင်ပစ္စည်းများကို အယောင်
ဆောင်အသုံးပြုသူ ဇေယျာနောင်(ခ) ဇေယျာမင်း(ခ)အဒွတ်ကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၃၁၅/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၁၇၀/ ၁၇၁ ဖြင့် အမှုဖွင့်အရေးယူကာ စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police