သားလေးအတွက် ပေ ၁၈၀ ရှည်တဲ့ ရိုလာကိုစတာကို ကိုယ်တိုင်ဆောက်လုပ်ပေးခဲ့တဲ့ ဖခင်
ပို့စ်တင်ချိန် - 5/08/2014 10:36:00 AM
Angel on 2014-05-07 18:20    
အသက် ၅၀ အရွယ် Will Pemble ဆိုတဲ့ ဖခင်တစ်ယောက်ဟာ သူ့ ရဲ့သားလေးအတွက် အိမ်နောက်ဘက် ပန်းခြံထဲမှာ ရိုလာကိုစတာ တစ်ခုကို ခြောက်လအချိန်ယူ တည်ဆောက်ပေးခဲ့ပါတယ်။ ဒေသတွင်းမှာရှိတဲ့ အပန်းဖြေပန်းခြံတစ်ခုကနေ သူတို့ မိသားစု လည်ပတ်ပြီး ပြန်အလာမှာ သူ့ သားလေးက စီးစရာတစ်ခုခု လုပ်ပေးဖို့ အဖေကို ပူဆာခဲ့တာပါ။
Will Pemble ဟာ ဒီ စိတ်လှုပ်ရှားစရာဖန်တီးမှုကို တစ်ကိုယ်တော်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအကြောင်းကို ၀က်ဘ်ဆိုဒ် ထောင်ခဲ့ပါသေးတယ်။ CoasterDad.com မှာ သူ့ ရဲ့ ရူပဗေဒပညာကို ခုံမင်မှုအကြောင်းနဲ့  ရိုလာကိုစတာဆောက်လုပ်ပုံအဆင့်ဆင့်ကို တင်ပြခဲ့ပါတယ်။
ဆယ်နှစ်အရွယ် သားငယ် Lyle ရဲ့ အကူအညီအနည်းငယ်နဲ့ အတူ သစ်သားတွေအသုံးပြုကာ ရိုလာကိုစကာကို အိမ်နောက်ဖက် ပန်းခြံထဲမှာ တည်ဆောက်ခဲ့တာပါ။ ဒီခြောက်လတာ အစီအစဉ်အတွက် ဒေါ်လာ ၃၅၀၀ ကျော် သုံးစွဲခဲ့ရပါတယ်။ အခုဆိုရင် ဆယ့်နှစ်နှစ်အရွယ် အမဖြစ်သူနဲ့ အတူ Lyle ဟာ ရိုလာကိုစတာကို အိမ်မှာတင် စီးနိုင်ပါပြီ။
အခုဆို တခြားမိသားစုတွေကလည်း သူတို့ ကလေးတွေအတွက် ကိုယ်ပိုင်ရိုလာကိုစတာတွေ တည်ဆောက်ပေးဖို့ Will Pemble ကို တောင်းဆိုနေကြပါပြီ။
“ အရိုးသားဆုံးပြောရရင်တော့ ကျွန်တော် သူတို့ ကို ငြင်း လိုက်ဖို့ အကြောင်းပြချက်ကောင်းကောင်းလေး တစ်ခုတောင် ရှာမရပါဘူး။ ဒါကြောင့် ဒါဟာ တစ်ချိန်ချိန်မှာ ဖြစ်လာနိုင်ပါတယ်။”
Ref: Metro.co.uk
Trend Myanmar