တစ်ကတ်ကို ၁၅၀၀၊ ဆင်းကတ် ၁၀ သန်း တယ်လီနောရောင်းတော့မည်

ပို့စ်တင်ချိန် - 5/21/2014 09:46:00 PM





တယ်လီနောမြန်မာက ဝန်ကြီးဌာနဆီကနေ ဆင်းကတ် ၁၀သန်း ဝယ်ယူထားတယ်လို့ တယ်လီနောရဲ့စီအီးအိုပီတာဖားဘာ့ဂ်ျ ကဆိုသည်။တယ်လီနောမြန်မာရဲ့စီအီးအိုပီတာဖားဘာ့ဂ်ျက” လက်ရှိမှာ ဆင်းကတ်နံပါတ် ၁၀ သန်း regulator ဆီက ဝယ်ထား ပြီးသား၊ အဲဒီ ၁၀ သန်းနဲ့စဖြန့်မယ်၊ဝယ်ယူနှုန်းပေါ်မူတည်ပြီး လိုသလောက် ထပ်ထပ်ဝယ်သွားမယ် လို့” ပြောသည်။

တယ်လီနောမြန်မာဟာ ဖေဖော်ဝါရီလအတွင်းမိုဘိုင်းအော်ပရေတာ လုပ်ပိုင်ခွင့်လိုင်စင်ရရှိခဲ့ပြီး ရှစ်လအကြာ မှာ ဆင်းကတ် စရောင်းမယ်လို့ကတိပြုထားသည်။

ရန်ကုန်၊မန္တလေး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ ရဲ့မြို့ကြီးအတော်များများမှာ စတင်ရောင်းချမှာဖြစ်သည်။ရောင်းချသည့်အထဲတွင် မပါဝင်သေးသည့်မြို့နယ်တွေက တယ်လီနောနက်ဝပ်ခ်မရှိသေး တာကြောင့် ဆင်းကတ်ကို လတ်တလောအသုံးပြုနိုင်မှာ မဟုတ်သေးဘူးလို့ဆိုသည်။

လက်ရှိမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ တာဝါတိုင် ၂၀၀၀ ပတ်ဝန်းကျင်ရှိနေပြီး တယ်လီနောကတော့ တစ်နှစ်အတွင်း တာဝါတိုင် ၂၀၀၀ ကျော်ရဖို့ လုပ်ဆောင်နေတာဖြစ်သည်။

လက်ရှိ ရန်ကုန်နဲ့မန္တလေးမှာဒေတာစင်တာနှစ်ခုထားရှိပြီး ချိတ်ဆက် လုပ်ကိုင်နေသလို အနည်းဆုံး ဆင်းကတ် ၁၀ သန်း ဝန်ဆောင်
ပေးနိုင်တဲ့ ဒေတာစင်တာနှစ်ခုကို စက်ပစ္စည်းအသစ်တွေနဲ့ တိုးချဲ့မယ် လို့သိရသည်။

တယ်လီနောမြန်မာရဲ့ ဆင်းကတ်တွေကို တယ်လီနော အမှတ်တံဆိပ်နဲ့ရောင်းချပေးမှာဖြစ်ပြီး လတ်တလောမှာ
ဖြန့်ချိရေးကိုယ်စားလှယ် ၆၀ ဦးခန့်အပ်ထားပြီး လက်လီဆိုင်လေး
တွေကတော့ ဘယ်ဆင်းကတ်ကိုမဆိုရောင်းချခွင့်ရှိတယ်လို့သိရသည်။

ဆင်းကတ်တစ်ကတ်ကို ကျပ် ၁၅၀၀ နဲ့ရောင်းချပေးမှာဖြစ်ပြီး မှတ်ပုံတင်မရှိသူတွကို ရောင်းချပေးမယ့် ပုံစံ ကိုတော့ မစီစဉ်ရသေးဘူးလို့တယ်လီနော စီအီးအိုကဆိုသည်။

SkyNet TV Browser