မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အရပ်ဖက်အဖွဲ့အစည်း ၉၇ ခုကို အမျိုးသားသစ္စာဖောက်များအဖြစ် မဘသ ကြေညာ

ပို့စ်တင်ချိန် - 5/12/2014 12:29:00 PM



ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ညီလာခံ ကျင်းပနေစဉ် Photo: U Wira Thu Facebook

အမျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် ဥပဒေကြမ်းရေး ဆွဲနေတာကို ကန့်ကွက်ခဲ့တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း ၉၇ ဖွဲ့ကို အမျိုးသားသစ္စာဖောက်တွေအဖြစ် သတ်မှတ်ကြောင်း အမျိုးဘာသာသာ သနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က ဒီကနေ့ ကြေငြာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး) ဦးဆောင်ဆရာတော်တွေက မစိုးရိမ်ကျောင်းတိုက်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြု လုပ်ပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၉၇ ဖွဲ့ကို အမျိုးသားသစ္စာဖောက်အဖြစ် သတ် မှတ်ကြောင်းအပြင် အမျိုးဘာသာသာသ နာ စောင့်ရှောက်ရေးအဖွဲ့က ရေးဆွဲတင်သွင်းထားတဲ့ အမျိုးစောင့်ဥပဒေ ၄ မျိုးအကြောင်းကို လေ့လာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
 RFA