ရွှေဘို - မန္တလေးကားလမ်းပေါ်တွင် စက်သုံးဆီသယ်ယာဉ် တိမ်းမှောက် လူတစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/05/2014 01:10:00 PM


သတင်း၊ ကိုတိုးကြီး
ဝက်လက်၊ မေ ၎
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ မန္တလေး - ရွှေဘိုသွာားကားလမ်း မိုင်တိုင်အမှတ် ၄၇/၃နှင့် ၄၇/၄ အကြားနေရာတွင် စက်သုံးဆီးသယ်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ လူတစ်ဦးသေ တစ်ဦးဒဏ်ရာရခဲ့ရသည့် ဖြစ်စဉ်တစ်ရပ်အား ယခုလ ၂ ရက်နေ့ ညနေ ၅ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း စစ် ကိုင်းတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
“ ဆီးကားတိမ်းမှောက်ရာ အရပ်ကို ၀က်လက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးလူဝင်းထွန်းနှင့်အဖွဲ့က သွားရောက်ပြီး ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေပါတယ်..” ဟု တိုင်းမီးသတ်ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးမင်းစမ်းအေးမှ ပြောပြသည်။
အဆိုပါ တိမ်းမှောက်ဆီသယ်ယာဉ်သည် နစ်ဆန်ကုန်တင်ယာဉ် ရှစ်ဘီးအမျိုးအစား အစိမ်းရောင် ယာဉ်အ မှတ် ၆င/၉၂၄၀ ဖြစ်ပြီး ယာဉ်မောင်းမှာ ကိုမိုးဦး အသက်(၂၄)နှစ်ဆိုသူဖြစ်သည်။ ထိုသူသည် ယာဉ်အား မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်သည့်အတွက် လမ်းဘေးရှိ အော်ရေရှားသစ်ပင်အား ၀င်ရောက်တိုက်မိခဲ့ ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်စဉ် ယာဉ်မောင်း ကိုမိုးဦးဆိုသူမှာ ယာဘက်နား စုပ်ပြဲဒဏ်ရာ၊ ရင်ဘတ်ညိုမဲဒဏ်ရာများ ဖြင့် ထိုနေရာ၌ပင် သေဆုံးသွားခဲ့သည်။ ၎င်းအချိန်တွင် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမည်မသိလူတစ်ဦး မှာ ဒဏ်ရာများရရှိပြီး ယာဉ်တိမ်းမှောက်သည့်နေရာမှ ထွက်ခွားသွားခဲ့သည်။
တိမ်းမှောက်ယာဉ်ပေါ်တွင် ဓာတ်ဆီပေပါ(၁၀၁)လုံးအား မန္တလေးမြို့ ရတနာလင်း ကုမ္မဏီမှ ၀ယ်ယူတင် ဆောင်လာခဲ့ပြီး ကချင်ပြည်နယ် ဗန်းမော်မြို့ ဟိန်းအောင် စက်သုံးဆီရောင်းဝယ်ရေးသို့ သွားရောက်ပို့ ဆောင်မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းဌေးနှင့်အဖွဲ့က မှတ်တမ်းများရယူထားခဲ့ သည်။
အဆိုပါ ဓာတ်ဆီပေပါများအား မီးဘေးလွတ်ရာသို့ ပြောင်းရွေပေးနိုင်ရန် လှတောကျေးရွာနှင့် ရွာသာကြီး ကျေးရွာမှ လုပ်သား(၁၅)ဦး ငှားရမ်း၍ မြို့နယ်ထွေအုပ်ရုံးမှ စီစဉ်ပေးခဲ့ရရာ ပေပါ(၉၄)လုံးခန့်သာ ဆယ်ယူ နိုင်ခဲ့ပြီး၊ ကျန်ပေပါ(၇)လုံးမှာ မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရှိ ရဲအရာရှိ တစ်ဦးမှ ပြောပြ သည်။ ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း ယခုလ ၃ ရက်နေ့ ညနေပိုင်မှ ပြီးစီးခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် အဆိုပါ ယာဉ်တိမ်းမှောက်မှုအား ရွှေပန်းကုန်းနယ်မြေရဲစခန်းက ယာဉ်(ပ) ၉/၂၀၁၄ ပုဒ်မ ၃၀၄(က) အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုနေ့က မုံရွာ - ယာကြီး - ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၅၂ နေရာတွင် မုံရွာ - ကလေမြို့သို့သွား ခရီးသည်တင်မှန်လုံးကားတစ်စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း