မိဘများက ကလေးများကို ရိုက်နှက်၍ဆုံးမခြင်းသည် ဆိုးရွားသောအပြုအမူများကို ပိုဖြစ်စေနိုင်

ပို့စ်တင်ချိန် - 5/08/2014 11:13:00 AM


အမေရိကန်သုတေသနတစ်ခုရဲ့ ဖော်ထုတ်ချက်အရ ကလေးများကို ရိုက်နှက်ခြင်းဟာ လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခုလိုဖြစ်နေပြီး မိဘအများစုဟာ သူတို့ဝန်ခံတာထက် ဒါကို ပိုလုပ်လေ့ရှိတယ် လို့ဆိုပါတယ်။

ဒါပေမဲ့ ဒီသုတေသနအရ ကလေများကိုရိုက်နှက်ခြင်းဟာ ပြဿနာများကို မပြေလည်တဲ့အပြင် ကလေးအများစုက ၁၀မိနစ်အတွင်း လွဲမှားတဲ့အပြုအမူများကို ပြန်လည်ပြုလုပ်ကြတယ် လို့ဆိုပါတယ်။

Dallas  မြို့ Southern Methodist University က သုတေသနသမားတွေက  ဒီသုသေတနကို ပြုလုပ်ခဲ့တာဖြစ်ပြီး အသံဖမ်းစက်များကို အိမ်ပေါင်း ၃၃အိမ်မှာထားခဲ့တာ ဖြစ်ပါတယ်။ ခြောက်ရက်အတွင်း ကလေးတွေကိုရိုက်နှက်မှုဟာ ကွဲပြားတဲ့မိသားစုအမျိုမျိုးမှာ ၄၁ ခါဖြစ်ပွားခဲ့တယ် လို့ဆိုပါတယ်။

ဒီလိုရိုက်ခံရတဲ့ကလေး ၇၅ ရာခိုင်နှုန်းဟာ ၁၀မိနစ်အတွင်း မလျော်ကန်တဲ့ အပြုအမူတွေကို ပြန်လုပ်ကြတယ်လို့ဆိုပါတယ်။

သုတေသနရဲ့ခေါင်းဆောင် ဒေါက်တာ George Holden က Health Day ကိုပြောကြားရာမှာ “မိဘတွေက ကလေးတွေကို အသေးအဖွဲ့ လွဲမှားတာလေးတွေနဲ့လည်း ရိုက်နေကြတယ်။ အအော်ဆုံးမိဘတွေဟာ သူတို့ကလေးတွေကို ပိုရိုက်တတ်ကြတယ်”လို့ ဆိုပါတယ်။

“အလုပ်မဖြစ်ပါဘူး။ ဒါပေမဲ့ အဲ့ထက်ပိုတာက ရန်လိုတာမျိုး ဒါမှမဟုတ် စိုးရိမ်တာမျိုးနဲ့ စိတ်ကျတာမျိုးလို ပြဿနာတွေ ထွက်ပေါ်လာတာပါပဲ “လို့ ၄င်းကပြောကြားခဲ့ပါတယ်။
ယခင်လေ့လာမှုများအရ ရိုက်ခံရခြင်းကြောင့် ကလေးများဟာ ပိုမိုရန်လိုတတ်လာစေပြီး ဆိုးဝါးတဲ့အပြုအမူတွေ လုပ်တတ်လာတယ် လို့ဆိုပါတယ်။

Michigan တက္ကသိုလ်မှာ ယခင်နှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုကလည်း ကလေးများကို ရိုက်လိုက်ခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ မကောင်းတဲ့အကျင့်တွေကို ဖြစ်လာစေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

ဖိုးသူတော် Team မှ ဘာသာပြန်သည်။