ကျွဲ (၁၅) ကောင်နှင့် လူတစ်ဦး ပေါက်တောတွင် ဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 5/03/2014 09:26:00 AM


ဆင်တက်မော် ဘင်္ဂလီ ဒုက္ခသည် စခန်းသို့ ယူဆောင်မည်ဟု ယူဆရသော ကျွဲ (၁၅) ကောင်နှင့် ဒေသခံ ရခိုင်တစ်ဦးကို ဧပြီလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သ၀င်ချောင်းတွင် ရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ ပေါက်တောမြို့နယ် တောင်ရင်းချောင် (တောင်ချောင်ရွာသစ်)မှ  ဖြစ်ကြောင်း သူကဆိုသည်။

ယင်းကျွဲများကို တောင်ညိုဘက်က လိုက်ယူလာစဉ် သင်္ကာမကင်း ဖြစ်ရာမှ ရဲကို အကြောင်းကြားရာ နောက်ဆုံးတွင် အဖမ်းခံရခြင်း ဖြစ်သည်။ ယခုအခါ ၎င်းသူနှင့်ကျွဲများကို ပေါက်တောရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

Narinjara