ရန်ကုန်တွင် မီးပျက်မှုများ ဆက်ရှိနေမည်ဟု တိုင်းလျှပ်စစ်ဝန်ကြီး ဝန်ခံ

ပို့စ်တင်ချိန် - 5/02/2014 06:28:00 PM



မင်းဟိန်းထက် ၊ ရန်ကုန်၊

လျှပ်စစ်ဗို့အား ပြည့် သည့် ဓာတ်အားလိုင်းကြိုး လဲ လှယ်ခြင်းလုပ်ငန်းများ ကျန်ရှိ နေသောကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ တွင် မီးပြတ်ခြင်း၊ မီးအားနည်း ခြင်းများ ရှိနေသေးမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးÓဏ် ထွန်းဦးက ဧပြီ ၂၈ ရက်တွင်ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ပထမအကြိမ် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂ဝ၁၄ ခုနှစ် ဧပြီလမှ စ တင်၍ လျှပ်စစ်မီတာခများ တိုးကောက်တော့မည်ဖြစ်ရာ မီး ပြတ်တောက်ခြင်း၊ မီးအားနည်း ခြင်းများမရှိစေရန် မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိ လိုကြောင်း ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ် မဲဆန္ဒ(၁)မှ လွှတ်တော် ကိုယ်စားလှယ်
ဦးသိန်းအောင် ကျော်၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ဓာတ်အားလိုင်းကြိုး အ ဟောင်းများကို အသစ်လဲလှယ် ခြင်း၊ ဗို့အားပြည့်နေသော လျှပ် စစ်ဓာတ်အားလိုင်းကြိုး လဲ လှယ်ခြင်းလုပ်ငန်းများ ကျန်ရှိ နေသဖြင့် မီးပြတ်တောက်မှု များ ဆက်လက် ရှိနေနိုင်သေး သော်လည်း ဘဏ္ဍာနှစ်အတွင်း အပိုင်းလိုက် လျာထားဆောင် ရွက်သွားမည် ဖြစ်ကြောင်း'' ဝန် ကြီး ဦးÓဏ်ထွန်းဦးက ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန်၊ လျှပ် စစ်ဗို့အားလျော့၍ အလှည့်ကျ ဓာတ်အားပြတ်တောက်မှု မရှိ စေရန် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ တည် ဆောက်ပြီး ထုတ်လုပ်ပေးလျက် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ပုဂ္ဂလိကရင်းနှီးမြှုပ် နှံမှုအဖြစ် သာကေတ၊ ရွာမနှင့် လှော်ကားတို့တွင် ၅ဝဝ ဗြ မဂ္ဂါဝပ်သုံးလုံး၊ ၁၅ဝ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ဓာတ်အားပေးစက်များ၊ ထိုင်း နိုင်ငံအစိုးရမှ ပေးအပ်ထားသည့် ၁၂ဝ မဂ္ဂါဝပ်နှစ်လုံး၊ ၂၄ဝ မဂ္ဂါ ဝပ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပေးထားပြီး ဖြစ် ကြောင်း ယင်းက ဆက်ပြော သည်။

ထို့ပြင် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၉၉ ဒသမ ၄၃၅ မိုင်၊ ၃၃ ကေဗွီဓာတ်အား လိုင်း ၇၇ဝ ဒသမ ၉၁၃ မိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၁ဝ၈ ဒသမ ၉ဝ၂၊ ၆ ဒသမ ၆ ကေဗွီ ဓာတ်အားလိုင်း ၆၆၈ ဒသမ ၃၇၉ မိုင်၊ ၄ဝဝ ဗို့ ၃၃၁၆ ဒသမ ၂၆၆ မိုင် တိုးချဲ့တည်ဆောက် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ၏ လက်ရှိ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နေ့ပိုင်းတွင် ၈၄၇ ဒသမ ၇၁ မဂ္ဂါဝပ်၊ ညပိုင်းတွင် ၇၇၉ ဒသမ ၈၄ မဂ္ဂါဝပ် အသုံး ပြုနေပြီး နွေရာသီကာလတွင် လက်ရှိသုံးစွဲမှုထက် အနည်းဆုံး ၅ဝ မဂ္ဂါဝပ် တိုးလာနိုင်ပြီး ၉ဝဝ မဂ္ဂါဝပ် အထိရှိနိုင်ကြောင်း ဝန် ကြီးဦးÓဏ်ထွန်းဦးက ဆိုသည်။

Yangon Times Journal