ထူးထူးခြားခြား ကာတွန်းအိတ်များ

ပို့စ်တင်ချိန် - 5/08/2014 11:16:00 AM


Jump From Paper အိတ်ဒီဇိုင်းတွေကို ကြည့်ရတာ တကယ့်ဘဝအစစ်နဲ့ နည်းနည်းလေး ကင်းကွာသွားသလို ခံစားရပါတယ်။


 ဒီ 2D အိတ်တွေကို နှစ်ခါပြန်ကြည့်ပြီးတာတောင်မှာ တကယ့်အစစ်တွေမှ ဟုတ်ရဲ့လားလို့ မေးရမယ့်ပုံပါပဲ။
လျှပ်တပြက်ကြည့်လိုက်ရင် ဒီအိတ်တွေဟာ ဖိုတိုရှော့နဲ့ ထည့်ထားသလိုဖြစ်ပေမဲ့  ၁၀၀ရာခိုင်နှုန်း အိတ် စစ်စစ်တွေပါ။


ဒီ တမူထူးခြားတဲ့အိတ်တွေကို တိုင်ပေအခြေစိုက် ဒီဇိုင်နာ နှစ်ဦးဖြစ်တဲ့ Rika Lin နဲ့ Chay Su တို့က ပြုလုပ်ခဲ့တာဖြစ်ပြီး 2D ပန်းချီ ပုံစံပေါက်အောင် ဆင်ထားတာ လို့ဆိုပါတယ်။ တကယ်လည်း ပေါက်ပါတယ်။


“ကျွန်တော်တို့က လူတွေကို ရှုပ်ထွေးသွားအောင် လုပ်ရတာ ကြိုက်တယ်။ ဒီ့ထက်ပိုပြီးပြောရရင် ဒီအိတ်တွေက အစစ်တွေမှန်းလည်း သိသွားရော သူတို့ရယ်မှာကို ကျွန်တော်တို့က သဘောကျတယ်” လို့ Rika  နဲ့ Chay  တို့က ပြောကြားခဲ့ပါတယ်။

အိတ်က အပြားလို့ထင်ရပေမဲ့ အထဲမှာ တော်တော်ဆန့်ပြီး လက်ပ်တော့ ပါ ထည့်လို့ရတယ်လို့ဆိုပါတယ်။

ဖိုးသူတော် Team မှ ဘာသာပြန်သည်။