မျက်စိရောဂါ ကာကွယ်ပေးမဲ့ကြက်ဥအနှစ်

ပို့စ်တင်ချိန် - 5/30/2014 02:49:00 PM


ကြက်ဥအနှစ်ကို ကိုလက်စထရောများတယ်ဆိုပြီး လူတွေကရှောင်လေ့ရှိပါတယ်။
သို့ ပေမယ့် မကြာသေးမီကပြုလုပ်ခဲ့တဲ့သုတေသနအရ ကြက်ဥအနှစ်မှာပါတယ့်
ကိုလက်စထရောဟာ သွေးတွင်းရှိ မကောင်းတဲ့ကိုလက်စထရောတွေကို
မြင့်တက်စေတယ်ဆိုတာ မဟုတ်ဘူးဆိုပြီးရှာတွေ့ ခဲ့ပါတယ်။

ရှာဖွေတွေ့ ရှိချက်အရ ကြက်ဥအနှစ်မှာ ဗီတာမင်များနှင့်
သတ္ထုဓာတ်များအပါအ၀င် ဆားဓာတ်ပါ အများအပြားပါဝင်နေပါတယ်။
ဒါ့အပြင် လူတင်းနှင့် ဇီယာဇီသင်းခေါ် အင်တီအောက်ဆင့်ဒင့်တွေပါလို့ 
မျက်စိရောဂါများဖြစ်တဲ့ အတွင်းတိမ်နှင့် အသက်ကြီးလာလို့ ဖြစ်တတ်တဲ့
မြင်လွှာနဲ့ ဆိုင်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

လေ့လာချက်များအရ ကြက်ဥတစ်လုံးစားလိုက်ပါက တော်ရုံနဲ့ 
အစာထပ်မဆာတော့သည့်အပြင် ပရိုတင်းဓါတ်လည်းများပြားစွာပါဝင်နေတာကြောင့်
ကိုယ်အလေးချိန်ချသူတွေအတွက် ကြက်ဥကိုပုံမှာစားသုံးခြင်းဖြင့်လည်း
ဝိတ်ကျစေနိုင်ပါတယ်။

Myet Shin