ပျောက်ဆုံးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးအား အသက်ရှင်လျက် ပြန် လည်တွေ့ရှိ၊ လက်နက်နှစ်လက်အနက် တစ်လက် သာ ပြန်လည်ရရှိ

ပို့စ်တင်ချိန် - 5/20/2014 06:04:00 PM


မောင်တော၊ မေ ၁၉- မေ ၁၇ ရက် က ဖြစ်ပွားခဲ့သည့် မောင်တောနယ် စပ် မိုင်တိုင်(၅၂)တွင် လက်နက်ကိုင် သောင်းကျန်း သူများ၏ တိုက်ခိုက် မှု ကြောင့် ပျောက် ဆုံးနေခဲ့သည့် နယ် စပ်လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အဆိုပါ နေ့ ညနေ ၅နာရီခန့်တွင် နယ်စပ် မိုင်တိုင်အမှတ်(၅၀)အနီးတွင် အသက် ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်သောင်းကျန်းသူ ၆ဝခန့် ပုန်းခိုတိုက်ခိုက်မှုကြောင့် မြန်မာ နယ်စပ်လုံခြုံရေးမှ ဒုရဲအုပ်တစ်ဦးအပါ အဝင် တပ်သားလေးဦး ကျဆုံးခဲ့ပြီး ကျန်တပ်သားနှစ်ဦးမှာ လက်နက် နှစ် လက်နှင့်အတူ ပျောက် ဆုံးနေ ခဲ့ခြင်း ဖြစ် ကာ စစ်ကြောင်း(၂)မှ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးက ပြောသည်။ 

တပ်ဖွဲ့ဝင်နှစ်ဦး ကို အသက်ရှင်လျက် ပြန်တွေ့ခဲ့သော် လည်း လက်နက်နှစ် လက်အနက် တစ် လက်သာ ပြန်လည်ရရှိခဲ့ကြောင်း၊ ကျန်လက်နက် တစ်လက် မှာ လက် နက်ကိုင်သောင်းကျန်းသူများ၏ လက် ထဲသို့ ပါသွားကြောင်း ၎င်းက ဆက် လက်ပြောသည်။

ဒဏ်ရာရရှိသွားသည့် ဒုရဲအုပ် မှာလည်း ညနေဘက် တွင် မောင် တောမြို့နယ်ပြည် သူ့ဆေးရုံ သို့ ရောက် ရှိလာခဲ့ပြီး အတွင်းလူနာ အဖြစ် ဆေး ကုသမှုခံယူလျက်ရှိကာ ဒဏ်ရာမှာ သက်သာနေပြီဖြစ်ကြောင်း ၊ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပုန်းခို တိုက်ခိုက်မှု ခံခဲ့ရသည့်အတွက် နယ် မြေရှင်းလင်းရေးများကို မြန်မာလုံ ခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ပြု လုပ် ခဲ့ပြီး လုံခြုံရေးကိုလည်း နယ် စပ်မိုင်တိုင်တစ်လျှောက် တိုးမြှင့်ချ ထားကြောင်း သိရသည်။

နယ်စပ်မိုင်တိုင်တစ်လျှောက် လက်နက်ကိုင်သောင်းကျန်း သူများ နှင့် မြန်မာ နယ်စပ် လုံခြုံရေးတပ်ဖွဲ့ ဝင်များအကြား တိုက်ခိုက်မှု များ မကြာ ခဏ ဖြစ်ပွားနေသော် လည်း မောင်တောမြို့ပေါ် အခြေအနေမှာ တည်ငြိမ်အေးချမ်းေ နကြောင်း၊ နယ် စပ်ခြံစည်းရိုး ကာရံ သည့် တပ်မတော် စစ်အင်ဂျင်နီယာတပ်များအနေဖြင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ယာယီရပ်နားထားရကြောင်း သိရ သည်။

NT [--Democracy today Daily Newspaper--]

Yangon Media Group