ကျောင်းအိမ်သာတွင် လိင်ဆက်ဆံနေသော ကျောင်းသားနှင့်ကျောင်းသူကို ဆရာမှပက်ပင်းမိ

ပို့စ်တင်ချိန် - 5/14/2014 06:32:00 PM


တီနွမ် (Tenom)မှ အသက် ၁၄ နှစ်အရွယ်ကျောင်းသားနှင့်ကျောင်းသူ ၂ ဦးကို ကျောင်းအိမ်သာတွင် လိင်ဆက်ဆံစဉ် ဖမ်းမိသည်။ တနင်္လာနေ့နံနက် ၁၀ နာရီခွဲ၊ အတန်းအားလပ်ချိန်တွင် ကျောင်းအိမ်သာအနီး ဖြတ်သွားသော ကျောင်းစည်းကမ်းထိန်းသိမ်းရေး ဆရာက ၄င်းတို့ကိုဖမ်းမိသည်။

ကလေး ၂ ဦးသည် ကျောင်းအားလပ်ချိန်တွင် အခြားသူများသတိမထားမိခင် အိမ်သာသို့ပြေးဝင်ခဲ့ကြသည်ဟု တီနွမ် လက်ထောက်ရဲချုပ်က ရှင်းပြသည်။စည်းကမ်းထိန်းသိမ်းရေးဆရာသည် အိမ်သာခန်းမှ အသံတစ်ချို့ကြား၍ ၀င်စစ် ကြည့်ရာ ကလေး ၂ ဦးကိုပက်ပင်းတွေ့ခဲ့သည်ဟု အရာရှိက ပြောသည်။

အခင်းဖြစ်သည့်နေ့ တွင် ရဲထံအသိပေးကာ ကျောင်းသားကလေးကိုဖမ်းဆီးထားသည်။

The Star