နောင်ချိုတွင် ဘိန်းဖြူ ဆပ်ပြာခွက်ပေါင်း(၃၀)ခွက်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 5/09/2014 02:35:00 PM


လားရှိုးမေ ၈

၂၀၁၄ခုနှစ်မေလ(၇)ရက်နေ့ ည ၁၁နာရီခွဲ အချိန်ကရှမ်းပြည်နယ် မြောက်ပိုင်းအမှတ်(၂၄) မူးယစ်တပ်ဖွဲ့စု၊ လားရှိုး၊ နောင်ချိုလှုပ်ရှားမှ ရဲအုပ်ဇော်လင်းကျော် ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူနောင်ချိုမြို့အဝင် အေးရှားဝေါလ် တိုးဂိတ်အနီးတွင် လားရှိုးမှ မန္တလေးသို့ ယာဉ်မောင်းကျော်မင်းမင်းစိုး မောင်းနှင်လာသော ရွှေတြိဂံယာဉ် အသင်းမှ ယာဉ်အမှတ်(BB/2785) ခရီးသည်တင်ယာဉ် အားရှာဖွေရာ ယာဉ်ရှေ့ခန်းရှေ့တွင် လိုက်ပါလာသူ တင်ငွေ(ကျား)နှင့် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသူမောင်စ (ကျား)တို့နှစ်ဦးယူဆောင်လာသည့် Diamond တံဆိပ်ပါ ဆောင်းဘောက်နှစ်လုံးအတွင်း သိုဝှက်သယ် ဆောင်ထည့်သွင်းလာသော ဘိန်းဖြူမှုန့်အလေးချိန် (၁၁) ဂရမ်ခန့်စီပါ ဆပ်ပြာခွက် (၁၉)ခွက်၊ (၁၃)ဂရမ်ခန့်စီပါ(၁၁)ခွက်၊စုစုပေါင်း (၃၀)ခွက် အလေးချိန် (၃၅၂) ဂရမ်(တစ်ဂရမ်လျှင် ၁၉၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၆၆.၈၈ သိန်း)အားဖမ်းဆီးရမိခဲ့သဖြင့် မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသောတင်ငွေ(ကျား) (၃၆)နှစ်(ဘ) တင်ဖေ၊ မှတ်ပုံတင်အမှတ် ၅/ကသန(နိုင်)၀၇၅၀၈၉၊ မောင်စ(ကျား)၄၄နှစ်(ဘ)ဦးစောမှတ်ပုံတင်အမှတ် ၅/ကသတ(နိုင်) ၀၂၀၉၇၄၊ ဗမာ၊ဗုဒ္ဒ၊တောင်သူ၊အထက်သီတရာကျေးရွာ၊ကောလင်းမြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး နေသူနှစ်ဦးနှင့် အိုက်လော့(ကျား) စုံစမ်းဆဲအသက်(၃၀)နှစ်ခန့်၊ရှမ်း-တရုတ်လူမျိုးကွမ်းလုံမြို့တို့အားနောင်ချို မြို့မ ရဲစခန်းမယ (ပ)၃၆/၂၀၁၄ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရအရေးယူထားရှိကြောင်းသိရှိရပါသည်။
လားရှိုး-ခရိုင်ပြန်/ဆက်

MOI Webportal Myanmar