မြန်မာ့သံတမန် ဆက်ဆံရေးလှေကြီးကို တရုတ်လှုပ်နေသလော

ပို့စ်တင်ချိန် - 5/15/2014 04:43:00 PM



မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် အဖြစ် ကျင်းပခဲ့သော အာဆီယံ ထိပ်သီး ညီလာခံသည် စစ်အစိုးရ အုပ်ချုပ်ရေး ကုန်ဆုံးခဲ့ ပြီးသည့်နောက် နိုင်ငံ တိုးတက် ဖွံ့ဖြိုး လာခြင်း၏ အောင်ပွဲဖြစ်စေရေးကို မြန်မာ တို့ မျှော်လင့်ထားခဲ့သည်။

သို့သော် အဓိက ကျသော သံခင်းတမန်ခင်း ဆိုင်ရာ စမ်းသပ်မှု တစ်ခုကိုလည်း ရင်ဆိုင်ခဲ့ရ၏။ ”မြန်မာဟာ အင်မတန် ကို မလွယ်တဲ့ အနေအထား ကို ရောက် နေတယ်” ဟု စင်ကာပူ အခြေစိုက် အရှေ့ တောင် အာရှလေ့လာရေးဌာမှ တရုတ် နှင့် အရှေ့တောင် အာရှနိုင်ငံများ၏ လုံခြုံရေး ကိစ္စဆိုင်ရာ ကျွမ်းကျင်သူ မစ္စတာ စတိုရေး က ပြောပါသည်။
”အာဆီယံနိုင်ငံတွေ အတွင်း ညီ ညွတ်ရေးကို စည်းရုံး ထိန်းသိမ်းရမယ်” ဟုလည်းသူက ပြောပါသေးသည်။

တရုတ်နိုင်ငံ အနေနှင့် တောင်တရုတ် ပင်လယ် ကိစ္စကို အချို့သော အာဆီယံနိုင်ငံ များကဲ့သို့ တောင်းဆိုမှုများ ဝင်ရောက် မတောင်းဆိုသည့် တိုင်အောင်၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် အပြန် အလှန် ဆက်ဆံရေး အတွက် အရေးပါ သော အချိန်တွင် ယခုညီလာခံ ပေါ် ပေါက်လာခြင်း ဖြစ်သည်။

တစ်ချိန်က တရုတ်နိုင်ငံနှင့်သာ သီးသန့် မဟာမိတ် ဖြစ်ခဲ့သော်လည်း စစ်အစိုးရမှ အရပ်သား အစိုးရအဖြစ် သို့ သိသိသာသာ ပြောင်းလဲခဲ့သည့် ၂ဝ၁၁ ခုနှစ်မှစ တင်၍ မြန်မာနိုင်ငံ၏ နိုင်ငံခြား ဆက်ဆံရေးသည် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်တို့ အပါအဝင် အနောက်နိုင်ငံ များနှင့်ပါ ဖက်လှဲ တကင်း ပြန်လည် ဆက်ဆံလာခဲ့သည်။

၂ဝ၁၁ ခုနှစ်တွင် သမ္မတဦးသိန်း စိန်က မြစ်ဆုံဆည် စီမံကိန်းအား သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကိစ္စကြောင့် ဆိုင်း ငံ့ထားရန် ဆုံးဖြတ်ချက် ချလိုက်ခြင်း ကြောင့် တရုတ် -မြန်မာ နှစ်နိုင်ငံ ဆက်ဆံ ရေးပြောင်းလဲ သွားခြင်း ကတော့ ထင်ရှား ကြောင်း သုတေသီ တို့က ဆိုကြသည်။
ထိုအချိန်များ အတောအတွင်းဝယ် ရန်ကုန်မှ ၄၅ မိနစ်ခရီးမျှသာ ဝေးသော သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်နိုင်ငံကလည်း ဒေါ်လာ သန်းနှင့်ချီ၍ ထူးထူးခြားခြား ရင်းနှီး မြှုပ်နှံမှု ပြုလာခဲ့ပြန်သည်။

မြန်မာနိုင်ငံဝယ် ဂျပန်၏ ရင်းနှီး မြှုပ်နှံမှုသည် ၂ဝ၁၂ နှင့် ၂ဝ၁၃ ခုနှစ် များအတွင်း ဆယ်ဆမက ထပ်မံတိုး တက်လာသေးသည်။
တရုတ်နိုင်ငံကမူ အရှေ့တောင် အာရှနိုင်ငံ များတွင် သူ၏ ရင်းနှီးမြှုပ်နှံ မှုများကို သိသိ သာသာပင် လျှော့ချခဲ့ လေ၏။

၂ဝ၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် အကုန် တွင်မူ မြန်မာနိုင်ငံဝယ် ကန်ဒေါ်လာ ၄ဝ၇ သန်းမျှ ရင်းနှီးမြှုပ်နှံမှု အသစ်များ ပြုလုပ်မည်ဟု ကတိပြုခဲ့ခြင်းမှာ ထိုနှစ် မတိုင်မီ ကပြော ခဲ့သည့် ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ၏ ဆယ်ပုံ တစ်ပုံမျှသာ ရှိပြီး၊ ၂ဝ၁၃ ခုနှစ် ဧပြီလနှင့် ၂ဝ၁၄ခုနှစ် ဇန်နဝါရီလ အတွင်းတွင် တရုတ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုပြုခဲ့သည် မှာမူ ကန်ဒေါ်လာ ၄၆ သန်းမျှ သာရှိ၏။

သို့ရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ပြည်ပ ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် ကြီးဖြစ် လျက် ရှိနေဆဲပင်ဖြစ်ပြီး အကြီးဆုံး ကုန် သွယ်ဖက် လည်းဖြစ်နေ ဆဲပင်။

”တရုတ်က စီးပွားရေး အကူအညီ တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ချနိုင် လာမယ်ဗျ” ဟု မစ္စတာ စတိုရေး က ပြောပါသည်။ တောင်တရုတ် ပင်လယ် ရေပိုင်နက် အငြင်းပွားနေမှု ကိစ္စနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့် ရှိပုဂ္ဂိုလ် ဦးရဲထွဋ်ကမူ ”ဒါကတော့ သက်ဆိုင် ရာနိုင်ငံတွေ ရဲ့ သီးသန့် အပြန် အလှန်ဆက်ဆံရေး နဲ့သာ သက်ဆိုင်ပါ တယ်”ဟု ပြီးခဲ့သည့် စနေနေ့ က ပြောပါသည်။

”မြန်မာနဲ့ တရုတ်ဟာ မဟာ ဗျူဟာ ဆက်ဆံရေး အဆင့် ရှိတယ်။ ဒါဟာ ပြဿနာဖြေရှင်းရေးမှာ အပေါင်းလက္ခဏာ ဖြစ်တယ်”ဟုလည်း သူက ဖြည့်စွက်ပြောခဲ့သည်။

‘သူတို့ရဲ့ ငြိမ်းချမ်းမှု တိုးမြင့်လာ ရေးဟာ တရုတ်နိုင်ငံ အတွက်သာ အထူး အရေးကြီး ရုံမကဘဲ အာဆီယံ နိုင်ငံတွေ ရဲ့ တည်ငြိမ် ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် လဲ အင်မတန် အရေးကြီးတယ် ဆိုတာ တရုတ်နိုင်ငံ ကနားလည်ပါတယ်” ဟုလည်း သူက ပြောပါသည်။

မြန်မာမှာ အဆိုပါ ပဋိပက္ခတို့အ ကြားဝယ် ကြားညပ်နေသည်ဟု ဝါရှင် တန် အခြေစိုက် စတင်(မ်)ဆန် စင်တာမှ မြန်မာ-တရုတ် ဆက်ဆံရေး ဆိုင်ရာ ကျွမ်းကျင်သူ မစ္စယွန်ဆွန်း က ပြောပါသည်။

”တောင်တရုတ် ပင်လယ် ကိစ္စ ကြောင့် ဒီနှစ်ထဲမှာ လှုပ်လှုပ် ရှားရှား မဖြစ်စေဘဲ မြန်မာ အနေနဲ့ သန္နိဌာန် တစ်ခုကို သေသေချာချာ ချရမယ်”ဟု သူက ပြောပါသည်။

ဦးရဲထွဋ်ကမူ ယခုညီလာခံဝယ် အာဆီယံ ခေါင်းဆောင်များသည် ”တောင် တရုတ်ပင်လယ် ကိစ္စအတွက် လိုက်နာ ရမယ့်ကျင့်ဝတ်တွေ ပေါ်ပေါက် လာစေ ရေးကို ဦးတည် ရှေးရှုနေပါတယ်”ဟု ပြောပါသည်။

ရေပိုင်နက် အငြင်းပွားမှု ကိစ္စပြေ လည်ရေး အတွက် အခြေခံမူ များပါရှိ သည့် ကြေညာချက် တစ်ခုကို ၂ဝဝ၂ ခုနှစ်က တည်းကပင်လျှင် တရုတ်နှင့် အာဆီယံ တို့ လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်သည်။

အဆိုပါ ကြေညာချက် လက်မှတ် ရေးထိုးပြီး နောက်ပိုင်းဝယ် ယင်းကိစ္စနှင့် ပတ်သက်၍ ပုံမှန် ဆွေးနွေးမှုများ ရှိခဲ့ သော်လည်း တိုးတက်မှု အနည်းငယ် သာ ပေါ်ပေါက် ခဲ့သည်။

အာဆီယံ ထိပ်သီးညီလာခံ ပထမ ရက်က ကျင်းပခဲ့သော အာဆီယံနိုင်ငံ ခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲ တွင် ရေကြောင်း လုံခြုံရေး၊ တောင်တရုတ် ပင်လယ်ရေ ပိုင်နက် အတွင်း/ အပြင် လွတ်လပ်စွာ ဖြတ်သန်းမောင်းနှင့် သွား လာခွင့်များ ရရှိရေး အတွက် ကိုသာ နိုင်ငံခြားရေး ဝန်ကြီးများ အနေနှင့် ဦးစား ပေးဆွေးနွေး ခဲ့ကြသော် လည်း ယင်း ပြဿနာနှင့် စပ်လျဉ်း၍ စိုးရိမ် ပူပန်မှု များရှိနေကြောင်း ကို ထုတ်ပြန် ပြောကြား ခဲ့ကြသည်။

တောင်တရုတ် ပင်လယ်ရေ ပိုင်နက် အငြင်းပွားနေမှု ပြဿနာမှာ လက်ရှိတွင် ပိုမို ပြင်းထန်လာ နေသော်လည်း ဖြေရှင်း မှုများ ပြုလုပ်ရာတွင် ဖိအားတစ်စုံ တစ်ရာ အသုံး ချမည်မဟုတ်ကြောင်း လည်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အဆင့် အစည်း အဝေးပွဲရလဒ်
သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားပါသေးသည်။



မှတ်ချက်။ ။ Wall Street Journal တွင် ဖော်ပြထားသည့် ‘China Rocks Myanmar’s Diplomatic Boat’ သတင်းဆောင်းပါး ကို ဆီလျော်အောင် မြန် မာ ပြန်ဆို ပါသည်။ မူရင်းရေးသား သူမှာ Shibani Mahtani ဖြစ်ပါသည်။

popularmyanmar