တန်ကြေး ဒေါ်လာ ၈သိန်း၁ထောင် ရချိန်မှာ လေလံပွဲကို ရုပ်သိမ်းလိုက်တဲ့ ဆေးကျောင်းသူ

ပို့စ်တင်ချိန် - 5/10/2014 10:00:00 AM



လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အင်တာနက်မှာ အပျိုစင်ဘ၀ကို ရောင်းဖို့ လေလံတင်ခဲ့သူ ဆေးကျောင်းသူကို မှတ်မိဦးမယ် လို့ ထင်ပါတယ်။


အခုအချိန်မှာတော့ သူမဟာ တန်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၈သိန်း ၁ထောင် ($801k) ရနေပြီ ဖြစ်ပေမယ့် သူမဒီအရောင်းအ၀ယ်ကို ဆက်မလုပ်တော့ဘူးလို့ ကြေငြာလိုက်ပါတယ်။

အကြောင်းကတော့ အဆိုပါ အရောင်းအ၀ယ်ကို သူမစိတ်ဝင်စားခြင်း မရျိဘဲ သူမလေ့လာနေတဲ့ ဆေးပညာရပ်ကိုသာ အာရုံစိုက်ချင်ကြောင်း ပြောခဲ့ပါတယ်။

သူမဟာ လက်ရှိအချိန်ထိ အပျိုစင်၊ ပြည့်တန်ဆာနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး သူမရဲ့ ယုံကြည်မှုကတော့ ခိုင်မာနေဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သို့သော်လည်း သူမရဲ့ ဆေးကျောင်းကတော့ သူမရဲ့ ပထမ ဦးစားပေးဖြစ်ပါတယ်လို့ ဆိုပါတယ်။

အများကဲ့ရဲ့ခံရမှာ စိုးတဲ့အတွက် ယခုလေလံပွဲကို ဖျက်သိမ်းရခြင်း မဟုတ်ဘဲ သူမကျောင်းစာမှာပဲ စိတ်ပါတဲ့အတွက် လို့ဖြေရှင်းထားပါတယ်။ ယခုရရှိလာတဲ့ လေလံ ဈေးနှုန်းကိုလည်း ဂရုမစိုက်ပါဘူး။ အခုလို ဆုံးဖြတ်တာဟာ သူမအတွက် အလွန့်ကို လွယ်ပါတယ်လို့ ဆိုခဲ့ပါတယ်။

သူမ အဆိုပါ လေလံပွဲလုပ်ဖို့ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလေလံပွဲကနေ ပြည့်တန်ဆာ၊ အပျိုစင်နဲ့ အရှက်ဂုဏ်သိက္ခာစတဲ့ အရာတွေနဲ့ ပတ်သတ်ပြီး ကောင်းကောင်း ပညာရလိုက်တယ်လို့ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သူမကိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်တောင်ဖက်မှာ မွေးဖွားခဲ့ပြီး ရေနံစက်ရုံမှာ အလုပ်လုပ်တဲ့ ဖခင်ကြောင့် ဆော်ဒီအာရေဗျမှာ ကလေးဘ၀ရဲ့ အချိန်အများစုကို ကုန်ဆုံးခဲ့ပါတယ်။ သူမရဲ့ မိခင်ကတော့ သူမ ၁၀နှစ်အရွယ် မှာသေဆုံးခဲ့ပြီး ဒါဟာ အလွန်ဝမ်းနည်းဖွယ်ရာ ဖြစ်ပြီး အဲဒါဟာ သူမဘ၀ကို ချမ်းသာစေဖို့ ဒီနည်းလမ်းကို ရွေးဖို့အတွက် အကြောင်းပြချက် မဟုတ်ပါဘူးလို့ ဆိုပါတယ်။

မီဒီယာတွေကိုတော့ သူမဟာ ယခုအချိန်ထိ အပျိုစင်တစ်ဦး ဖြစ်ပါတယ်။ အကြောင်းကတော့ ချစ်မှုရေးရာဟာ သူမဘ၀အတွက်  ဒုတိယနေရာမှာပဲ ရှိနေပြီး သူမရဲ့ ကျောင်းစာနဲ့ အခြား ရည်ရွယ်ချက် ၊ ဦးတည်ချက်တွေနဲ့ ဘယ်လိုမှ ယှဉ်လို့ မရပါဘူးလို့ ပြောခဲ့ပါတယ်။

World-Myanmar News

ဆက်စပ်- အပျိုစင်ဘ၀ကို ရောင်းဖို့ အင်တာနက်မှာ လေလံတင်နေတဲ့ ဆေးကျောင်းသူ