ဘက်ဖိုးယာဉ်မှ မြေသယ်ယာဉ်ပေါ်သို့ မြေကြီးများတင်ဆောင်စဉ် ယာဉ်ပေါ်၌အိပ်နေသူကို ပိမိသဖြင့် သေဆုံး

ပို့စ်တင်ချိန် - 5/02/2014 04:16:00 PM



ရန်ကုန်၊ မေ ၂

၁.၅.၂၀၁၄ရက်နေ့ ၁၉၃၀အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ စက်မှုဇုန်ရှိ ကနောင်မင်းသားကြီးလမ်းဘေးတွင် မြေသယ်ယာဉ်ပေါ်၌ အမျိုးသားတစ်ဦး မြေကြီးပိ၍သေဆုံးကြောင်း သတင်းအရ သွာရောက်
စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မောင်ဝင်းသူဦး၊ (၁၆)နှစ်၊ ဒဂုံမြို့သစ်
(အရှေ့ပိုင်း)မြို့နယ်နေသူဖြစ်ပြီး 3G---- Forland မြေသယ်ယာဉ်ပေါ်တွင်
မြေကြီးများပိ၍သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူမောင်ဝင်းသူဦးမှာ ဒဂုံမြို့သစ်(တောင်းပိုင်း)
မြို့နယ်နေ ယာဉ်မောင်း ဦးသန်းမြင့်၊(၅၅)နှစ်၊(ဘ)ဦးသန်းအောင် မောင်းနှင်
သော 3G---- Forland မြေသယ်ယာဉ်တွင် လိုက်ပါကာ မြေကြီးများချသည့်
အခါများ၌ မြေညှိသည့်အလုပ်ကိုလုပ်ကိုင်သူဖြစ်ကြောင်း၊ ၎င်းမှာ အခင်းဖြစ်
ချိန်က အဆိုပါနေရာရှိလုပ်ငန်းခွင်၌ မြေသယ်ယာဉ်ပေါ်တွင် အိပ်နေခဲ့
ကြောင်း၊ ထိုစဉ် သာကေတမြို့နယ်နေ ယာဉ်မောင်း ဖြိုးမင်းလတ်၊ (၂၁)နှစ်၊ (ဘ)ဦးသောင်းညွန့်မောင်းနှင်သည့် CAT ဘက်ဖိုးယာဉ်မှ မြေကြီးများကို Forland မြေသယ်ယာဉ်ပေါ်သို့ တင်ဆောင်ခဲ့ကြောင်း၊ ယင်းနောက်
မြေသယ်ယာဉ်မောင်းဖြစ်သူ ဦးသန်းမြင့်မှ မောင်ဝင်းသူဦးပျောက်ဆုံးနေ
သဖြင့် လိုက်လံရှာဖွေရာမှ ယာဉ်ပေါ်၌ မြေကြီးများပိ၍သေဆုံးနေသည်ကို
တွေ့ရှိခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဖြိုးမင်းလတ်နှင့် ဦးသန်းမြင့်တို့
(၂)ဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၂၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိ
ပါသည်။

Yangon Police