မေလဒုတိယပတ်တွင် မြန်မာသို့ မုန်တိုင်းဝင်နိုင်ခြေရှိ

ပို့စ်တင်ချိန် - 5/03/2014 11:22:00 AM


Author: အောင်သစ်လွင်


ဘင်္ဂလားပင်လယ် အော်တွင် မေလဒုတိယပတ်အ တွင်း မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာ နိုင်ပြီး မြန်မာနိုင်ငံသို့ ၀င်ရောက် ရန် ၃၈ ရာခိုင်နှုန်း သေချာနေ ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ထားသည်။

လာမည့် မေ ၇ ရက်မှ ၁၃ ရက်အတွင်း မုန်တိုင်းငယ်ဖြစ် ပေါ်လာနိုင်ပြီး ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတွင် စတင်သော မုန်တိုင်းငယ်များ၏ အစဉ်အလာ အရ အပူပိုင်းမုန်တိုင်း၊ ဆိုင်က လုန်းမုန်တိုင်းများ အဆင့်အထိ ရောက်ရှိလာနိုင်ကြောင်း အမေရိ ကန်ပြည်ထောင်စု (NOAA) မိုး လေ၀သဌာန၏ တိုင်းတာချက် များကို ကိုးကား၍ ဒေါက်တာထွန်းလွင်ကပြောသည်။

‘‘အစဉ်အလာအရတော့ ဒီ ကာလမှာ ဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံအတွက် သတိထား ဖို့လိုတယ်။ အခုစဖြစ်တာက ဘင်္ဂ လားပင်လယ်အော်အရှေ့တောင် ပိုင်း၊ အဲဒီမှာစဖြစ်တဲ့ မုန်တိုင်း တွေက မြန်မာနိုင်ငံကို ၀င်တတ် တယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။

နှစ်ပေါင်း ၁၃၇ နှစ်တာကာ လအတွင်း ပြုစုထားသော မှတ် တမ်းများအရ မြန်မာနိုင်ငံကို ၀င် ရောက်ခဲ့ဖူးသော မုန်တိုင်း ၈၅ လုံး၏ ငါးဆယ်ရာခိုင်နှုန်းကျော် သည် ဧပြီ ၂၀ ရက်မှ မေလ ၁၅ ရက်အတွင်း ၀င်ရောက်ခဲ့ခြင်း ဖြစ်သောကြောင့် မိုးကြိုကာလမှာ မုန်တိုင်းအန္တရာယ်သတိထားရန် လိုအပ်နေကြောင်း ၎င်းက သတိ ပေးထားသည်။

7day daily