ဖက်ဒရယ် စနစ်အကြောင်းနှင့် ပုဒ်မ ၅၉(စ) မပြင်သင့်ကြောင်း ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်

ပို့စ်တင်ချိန် - 5/02/2014 02:17:00 PM


ဒီမိုကရက်ပါတီ (မြန်မာ) တနင်္သာရီတိုင်း ဒေသကြီးမှ ကြီးမှူး၍ ဖက်ဒရယ် စနစ် အကြောင်းနှင့် ပုဒ်မ ၅၉(စ) မပြင်သင့်ကြောင်း ဟောပြောပွဲကို မေလ (၂) ရက်နေ့ နံနက် (၈)နာရီခွဲ အချိန်၌ မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာ ရတနာ ခန်းမအရှေ့၌ ပြုလုပ်ခဲ့သည်။

ထိုဟောပြောပွဲ၌ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တနင်္သာရီတိုင်း ဒေသကြီး စည်းရုံးရေးမှူး ဦးသန်းထွန်းက ဟောပြောရာတွင် ယခု ၂၀၁၅ ခုနှစ်သို့ ဦးတည်ပြီး နိုင်ငံရေးအရွေ့ တစ်ခု ရောက် လာနေပါပြီ ၊ တိုက်ခိုက်ရေး ကာလကို နောက်ချန်ကြပါစို့ ၊ နိုင်ငံရေး အရ ဒီမိုကရေစီ လူ့ဘောင်သစ်ကို တည်ဆောက်ပြီး တိုင်းပြည် ပြည်လည် တည်ဆောက်ကြပါစို့လို့ ပြည်သူများအား တိုက်တွန်းလို ပါတယ်။ နိုင်ငံဟာ ပြည်သူတွေနဲ့ တည်ဆောက်ထားပြီး ဥပဒေသတွေနှင့် ချည်နှောင်ထားလို့ ဥပဒေ စိုးမိုးမှု ဆိုတာ ဘယ်လောက် တန်ဖိုး ထားရမှန်း ပြည်သူတွေ မသိရှိတော့ဘူး ဆိုတာကို ကျွန်တော် အနေနဲ့ ပြောချင် ပါတယ်။

နောက်ပြီး ပြည်သူတွေကို ဥပဒေ စိုးမိုးမှု ရှိအောင် ဘယ်လို တိုက်တွန်း မှာလဲ ၊ ဘယ်လို လမ်းကြောင်း ပေးမှာလဲ၊ ဘယ်လို ကာကွယ်ပေး မှာလဲ ဆိုပြီး ဘယ်နိုင်ငံရေး အဖွဲ့အစည်း ၊ ဘယ်လူမှုရေး အဖွဲ့အစည်းမှ ပြည်သူတွေကြား ဆင်းပြီး ထဲထဲဝင်ဝင် လုပ်ဆောင်ပေး ခဲ့တာ မရှိသေးဘူး၊ စာပေဟောပြော ပွဲတွေ နိုင်ငံရေး အရ ပုတ်ခတ် ပြော ဆိုပွဲတွေ၊ သူခိုးပြေးလို့ ထိုးကွင်းထတဲ့ အကြောင်း အရာတွေပဲ ဟောပြော သွားကြတယ်။ ကျွန်တော် ဆိုလိုချက်က နိမ့်ပါးသွားသူကို ဆက်လက် နိမ့်ပါး သွားအောင် စာပေ ဟောပြောပွဲတွေမှာ ဟောပြော သွားကြ တာ ကိုပဲ တွေ့ရှိနေ ရတယ်။ ပြည်သူတွေ ကို နိုင်ငံရေး ဥပဒေသတွေ တတ်ကျွမ်းအောင် ဘယ် အဖွဲ့အစည်း ကမှ ဟောပြော သွားတာ ဆိုတာ မတွေ့မမြင် ရသေးဘူး ။ အဲဒါကြောင့် ဒီမိုကရေစီ လမ်းကြောင်းမှာ ဖက်ဒရယ် စနစ်ဆိုတာ မပါလို့ မဖြစ်ဘူး၊ အဲဒီ အတွက် ဖက်ဒရယ် ဆိုတဲ့ စုဖွဲ့မှု ပုံစံကို ဘယ်လို သုံးမှာလဲ ဆိုတာကို ဒီနေ့ ပြုလုပ်တဲ့ ဟောပြောပွဲမှာ ကျွန်တော် တင်ပြသွားမှာဖြစ်ပါတယ် ဟု ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)နှင့် ပတ်သက်၍လည်း `` အဲဒီ ပုဒ်မကို မပြောင်းသင့်သေးဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။ လူမျိုးခြားတွေဟာ အခု လက်ရှိ မြန်မာနိုင်ငံမှာ ၁၇ သန်း ၁၈ သန်း လောက်ရှိတယ်လို့ သိရပါတယ်။ အဲဒီ လူမျိုးခြား တွေဟာ နိုင်ငံရေးပါတီ အင်အားကြီးတဲ့ ပါတီ တွေထဲမှာလည်း ရှိတယ်။ လက်ရှိ အစိုးရ ပါတီမှာလည်း ရှိတယ်။ လူမျိုးခြားတွေကို ကျွန်တော်တို့ မယုံကြည်သင့်သေးဘူး၊ လက်ရှိ တိုင်းရင်းသားတွေ ထဲမှာတောင် စည်းစည်းလုံးလုံး မရှိသေးဘူး ၊။ ဒါကို ကျွန်တော်တို့ ဘာကြောင့် ဘာကြောင့် ထောက်ခံရသလဲ ဆိုတော့ ကျွန်တော်တို့မှာ  ၀ံသာနု စိတ်ဓာတ် ရှိတယ် ။ ကျွန်တော် တို့ အနေနဲ့ ပြည်သူ လူထု အခွင့်အာဏာ ရဖို့ နိုင်ငံရေးလုပ်တယ်။ ၅၉ (စ) ကို ပြင်ဆင်ဖို့ ဆိုရင် ဘာကြောင့် ပြင်ရသလဲ ၊ ဆိုးကျိုး ဘယ်လောက် ထွက်လာမလဲ ဆိုတာ သုံးသပ်ဖို့ လိုအပ်တယ်။ မြန်မာပြည်မှာ လူမျိုးခြား သွေးနှေးနေတဲ့ ပုဂ္ဂိုလ်တွေ ၁၈ သန်းလောက် ရှိတယ်။ အဲဒီ ထဲမှာ ပညာတတ်တွေလည်း အများကြီး ရှိတယ်။ အဲဒီ လူမျိုးခြား တွေဟာ သမ္မတ နေရာ ရရှိသွားမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ စနစ်ကို အခုမှ သွားတာ နှစ်နှစ် သုံးနှစ်ပဲ ရှိသေးတဲ့ အတွက် ပြည်သူများ အနေနဲ့ လက်ခံထားလို့ နိုင်မှာလား ၊ အဲဒီ လူမျိုးခြား တွေကရော ကိုယ့်တိုင်းပြည် ၊ ကိုယ့်နိုင်ငံ အတွက် တကယ်ရော အလုပ်လုပ်မှာလား ၊ အဲဒီ သံသယ စိတ်က အဖြစ်ကြီး ဖြစ်လာနိုင်တယ်။ အမေရိကန်နိုင်ငံမှာ နှစ်ပေါင်း ၂၃၈ နှစ် ရှိပြီ ဒီမိုကရေစီ စနစ် ကျင့်သုံးနေတာ၊ ၂၃၉ နှစ် ကျမှ အိုဘားမား ဆိုတဲ့ ကင်ညာသွေးရောနေတဲ့ သမ္မတ တက်လာတယ်။ အခု ၅၉ (စ) လုံး ပြင်လိုက်ပြီ ၊ ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်လာပီ ဆိုပါတော့ ၊ ဒေါ်အောင်ဆန်း စုကြည့် ဘယ်နှစ်နှစ် လုပ်နိုင်မှာလဲ အခုတောင် သူ့အသက်က (၇၀) ကျော်နေပြီ ၊ အလွန်ဆုံး လုပ်နိုင်တာက နောက်ထပ် (၅)နှစ် ပေါ့ ။ သူမရှိတဲ့နောက် အဲဒီ ပါတီက လူမျိုးခြား တစ်ယောက်ယောက် တက်လာပြီးတော့ သမ္မတ လုပ်ရင် အဆင်ပြေ နိုင်ပါ့မလား ၊ အဲဒီ ၅၉ (စ) ပြန်လည် သတ်မှတ် ပေးဖို့ဆိုပြီး တောင်းလာအုံးမလား ၊ အဲလို သမိုင်းမှာ တရားခံ ဖြစ်မှာ စိုးလို့ ၅၉(စ) မပြင်သင့်ဘူးလို့ ကျွန်တော်တို့ ခံယူထားပါတယ်ဟု တိုင်းစည်းရုံးရေးမှူး ဦးသန်းထွန်းက ပြောကြားခဲ့သည်။

အဆိုပါ ဖက်ဒရယ် စနစ်အကြောင်းနှင့် ပုဒ်မ ၅၉(စ) မပြင်သင့်ကြောင်း ဟောပြောပွဲသို့ ပါတီဝင် (၂၀) ဦးခန့်နှင့် လေ့လာသူ (၂၅) ဦးခန့် တက်ရောက်ခဲ့ပြီး နံနက် (၁၀) နာရီတွင် ပြီးဆုံးသွားကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ