တောင်ကိုရီးယားတွင် မြေအောက်ရထား နှစ်စင်း တိုက်ခိုက်မှု ဖြစ်ပြီး လူပေါင်း ၇၀ ကျော် ဒဏ်ရာ ရရှိ

ပို့စ်တင်ချိန် - 5/02/2014 05:37:00 PM



မေ ၂။

မြေအောက်ရထား နှစ်စင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် တောင်ကိုရီးယားမြို့တော် ဆိုးလ်တွင် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း
သိရှိရသည်။

လူ ၇၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှု ဌာနမှ ကြေငြာခဲ့သော်လည်း အချို့သော မီဒီယာများမှ ဒဏ်ရာ ရရှိသူပေါင်း
၁၇၀ ခန့် ရှိမည် ဖြစ်ကြောင်း သတင်းပို့ခဲ့သည်။

စက်ပိုင်းဆိုင်ရာ ပြဿနာရပ်များကြောင့် ဘူတာရုံနှစ်ခုကြား ရပ်တန့်ထားသော ရထားတစ်စင်းကို အခြား ရထားတစ်စင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း
ဖြစ်ကြောင်း ယွန်ဟပ် သတင်းဌာနမှ သတင်းတင်ဆက်ခဲ့သည်။

ဤပြဿနာ မဖြစ်မှီတွင်လည်း လူပေါင်း ၃၀၀ သေဆုံးခဲ့သည့် ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် နိုင်ငံမှ ပူဆွေးဝမ်းနည်း ခဲ့ရသည်။

ဆီဝိုး ကူးတို့ သင်္ဘောသည် ဧပြီလ ၁၆ ရက်နေ့၌ အထက်တန်း ကျောင်းသားအများစုနှင့် ဆရာများ ပါဝင်သည့် လူပေါင်း ၄၇၆ ယောက်ကို
တင်ဆောင်လာချိန်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ငန်းများ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ဝေဖန်မှုများနှင့် လူထုမှ ဒေါသထွက်မှုများအပေါ်တွင် တောင်ကိုရီးယား သမ္မတ
ပက်ဂျွန်ဟီးမှ ယခု သီတင်းပတ် အစောပိုင်းက ဝန်ချတောင်းပန်ခဲ့သည်။

Ref: BBC
The Myanma Age