အမေရိကန် နှင့် ရုရှား အင်္ဂါဂြိုဟ်ပေါ် လူသား ခြေချရေး ပြိုင်ကြ ဦးမည်

ပို့စ်တင်ချိန် - 5/14/2014 07:27:00 PM


သန်းထိုက်စိုး

အင်္ဂါဂြိုဟ် သို့ ရုရှား အာကာသ ယာဉ်မှူးများ အား အရောက် ပို့ပေးနိုင် မည့် အားကြီးသော ဒုံးယာဉ် တည် ဆောက်မည့် စီမံကိန်း ကို ရုရှား အစိုးရ က မီးစိမ်းပြ လိုက်ပြီဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သော စစ်အေး ကာလများ တစ်လျှောက် အမေရိကန် နှင့် ရုရှားသည် အာကာသ စူးစမ်း လေ့လာ ရေးနှင့် လကမ္ဘာသို့ လူသာခြေချ ရေးလုပ်ငန်းများ တွင် ပြိုင်ဆိုင် ခဲ့ ကြသလို ယခု အခေါက် တွင်လည်း အင်္ဂါဂြိုဟ် သို့ လူသား ပို့လွှတ်ရေး အပြိုင် ကြိုးပမ်းကြ တော့မည်ဖြစ် သည်။ လကမ္ဘာ ပြိုင်ပွဲတွင် အမေရိကန်က အရင် ဦးပန်းဝင် အောင်ပွဲခံ ခဲ့ရာ ယခုအခေါက် တွင် ရုရှား သည် ရှုံးကြွေးပြန်ဆပ် နိုင်မည်လား စောင့်ကြည့် ကြရမည်။

နာဆာသည် လည်း တန် ၇၀ နှင့် တန် ၁၃၀ အလေးကို သယ်ကာ ကမ္ဘာပတ် လမ်းကြောင်း သို့ တက်နိုင်မည့် Space Launch System ဒုံးပျံ နှစ်မျိုးကို စမ်းသပ် လျက်ရှိရာ ရုရှား ဒုံးပျံသည် အပြိုင်ဖြစ်လာ တော့မည်။ ရုရှားဒုံးပျံသည် တန် ၈၀ အလေးချိန် ထိ တွန်းတင် ပျံသန်း နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများ ပင် စတင် နေပြီဖြစ်ကြောင်း ရုရှား အာကာသ အေဂျင်စီ အကြီးအကဲ အိုလက်ဂ်ျ အိုစတာပန်ကိုက ပြောသည်။

ကမ္ဘာ မြေပြင်မှ အနိမ့်ပိုင်း ကမ္ဘာပတ် လမ်းကြောင်းထဲ သို့ အထက်ပါ ဒုံးပျံကို တွန်းတင်ရန် တွန်းအား တန် ၁၀၀ မှ ၁၂၀ ထိ ရှိမည့် ဒုံးပျံ ကိုလည်း ဆက်လက် တည်ဆောက် သွားမည် ဖြစ်ကြောင်း မစ္စတာ အိုစတာပန်ကို က ဆက်လက် ပြောကြား သည်။

အင်္ဂါဂြိုသ် သို့ စမ်းသပ် ပျံသန်း မှု ပထမ အဆင့်ကို ၂၀၁၇ တွင် စတင် မည်ဟု နာဆာ ကလည်း ထုတ် ပြန်ပြောကြား ထားသည်။ ၂၀၃၀ တွင် လူသားများ ကို လကမ္ဘာနှင့် အင်္ဂါဂြိုဟ် သို့ ပို့လွှတ် နိုင်မည့် အား ကြီးသော ဒုံးပျံစနစ် စတင် အသုံးပြု နိုင်အောင် စီစဉ် ထားသည်ဟု ရုရှား က ပြီးခဲ့သည့် နှစ်က ထုတ်ပြန်ပြော ကြာ ထားဖူးရာ နာဆာ၏ ပန်းတိုင် ကာလနှင့် တစ်ထပ်တည်း ကျနေ သည် ကိုလည်း တွေ့ရသည်။

Ref: Daily Mail
The Messenger