နိုင်ဂျီးရီးယားက အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀၀ သေဆုံး

ပို့စ်တင်ချိန် - 5/08/2014 11:04:00 AM


နိုင်ဂျီးရီးယားမှာ ဖမ်းဆီးခံရတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေ
ကင်မရွန်းနိုင်ငံ ​နယ်စပ်နဲ့ ​နီးစပ်တဲ့ ​နိုင်ဂျီးရီးယား ​အရှေ့မြောက်ပိုင်းက ​မြို့တမြို့ကို ​ဘိုကိုဟာရမ် ​အကြမ်းဖက်သမားတွေ ​၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ​လူပေါင်း ​သုံးရာ ​လောက်ကို ​သတ်ဖြတ်ခဲ့ကြတယ်လို့ ​ဒေသခံ ​လွှတ်တော်အမတ် ​နဲ့ ​တခြား ​မျက်မြင်သက်သေတွေက ​ပြောပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ​အင်္ဂါနေ့တုန်းက ​Gamboru ​Ngala ​မြို့ကို ​လက်နက် ​တပ်ဆင် ​ထားတဲ့ ​မော်တော် ​ယာဉ်တွေ၊ ​မော်တော် ​ဆိုင်ကယ်တွေနဲ့ ​အတူ ​သေနတ် ​သမားတွေက ​၀င်ရောက် ​မွှေနှောက် ​သွားတယ်လို့ ​ဆိုပါတယ်။

ဧပြီလ ​၁၄ ​ရက်နေ့ ​တုန်းက ​ဘိုကိုဟာရမ် ​အဖွဲ့ကနေ ​ဖမ်း ​ဆီး ​ခေါ်ဆောင် ​သွား ​ခဲ့တဲ့ ​ကျောင်း ​သူ ​နှစ်ရာ ​ကျော်ကို ​ကယ် ​ဆယ်နိုင်ဖို့ ​ကြိုးပမ်းနေ ​မှုတွေမှာ ​ဒေသခံ ​စစ်သားတွေ ​သွားရောက် ​ကူညီနေကြ ​တုန်း ​အဲဒီမြို့ကို ​အကြမ်း ​ဖက်သမားတွေက ​၀င်ရောက် ​တိုက်ခိုက် ​သွားခဲ့ကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia