လမ်းဘေး ဈေးသည်များ သတ်မှတ်ချိန်ထက် ကျော်လွန် ရောင်းချပါက တရားစွဲတော့မည်

ပို့စ်တင်ချိန် - 5/09/2014 09:28:00 AM



စိုးစည်သူ

ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်း လမ်းဘေး ဈေးသည်များ သတ်မှတ်ချိန်ထက် ကျော်လွန် ရောင်းချပါက ယခင်က ပစ္စည်း သိမ်းဆည်းရုံသာ ဒဏ်တပ်ခဲ့သော်လည်း ယခုအခါ ရောင်းချသူကိုပါ တရားစွဲဆို တော့မည် ဖြစ်သည်။

လက်ရှိတွင် လမ်းဘေး ဈေးသည်များကို နေ့လယ် (၃) နာရီမှ ည (၈) နာရီ အတွင်း အခမဲ့ ရောင်းချခွင့်ပြုထား သော်လည်း ယခု ရက်ပိုင်း တွင် ည ၉ နာရီကျော်အထိ ရောင်းချမှုများ ပိုမိုများပြား လာသောကြောင့် တရားစွဲဆိုသည် အထိ အရေးယူ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ(စီမံရေးရာဌာန) မှ ဒုတိယဌာန မှူးက ပြောသည်။ အချိန်ကျော်ပြီး ရောင်းချတဲ့အတွက် ပြည်သူ တွေသွား လာရာမှာလည်း အဆင် မပြေဖြစ်နိုင်သလို ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်နိုင်တဲ့အတွက် အချိန်ကန့်သတ်ပြီး ရောင်းချ ခိုင်းထားတာပါ ဟု ၎င်းကပြော သည်။ ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အ တွင်းတွင် လမ်းဘေးဈေးသည်များ သတ်မှတ် ထားသည့် အချိန်မဟုတ်ဘဲ ရောင်းချပါက လိုက်လံ ဖမ်းဆီး လျက်ရှိပြီး၊ ပစ္စည်းသိမ်းဆည်းခြင်း၊ ရောင်းချသူများအား ဒဏ်ကြေးပေးဆောင် ခြင်းစသည်တို့ဖြင့် အရေးယူ ဆောင်ရွက် လျက်ကြောင်း သိရသည်။ ဈေးရောင်းကောင်းတာက ညနေဘက် နဲ့ ညဘက်မှာ အများဆုံးရောင်းရတဲ့အတွက် ဈေးသည်တွေက ညနက်တဲ့အထိ ရောင်း နေရတာပေါ့။ သူတို့ဘက် က အချိန်နည်းနည်းတိုး ပေးရင် ဒီလို ပြဿနာတွေ ဖြစ်လာမှာ မဟုတ်တော့ ဘူး””ဟု ဆူးလေဘုရားအနီး သုံးနှစ်ကျော် မုန့်ဟင်းခါးရောင်းချနေသူ ဒေါ်ကြည်ကပြောသည်။ ထို့ပြင် စည်ပင်ဝန်ထမ်းများ လိုက်လံ ဖမ်းဆီးရာတွင်လည်း မလိုအပ်ဘဲ အင်အား သုံးခြင်း၊ အကြမ်းဖက်ခြင်းများ ရှိနေသော ကြောင့် လမ်းဘေးဈေးသည်များမှာ စည်ပင် ၀န်ထမ်းများအား ကြောက်ရွံ့နေရကြောင်း ဒေါ်ကြည်က ဆိုသည်။

အဆိုပါ လမ်းဘေးဈေးသည်များအား ၂၀၁၁ ခုနှစ်၊ ဇွန်လမှစကာ အခွန်ငွေ ကောက်ခံခြင်း မရှိဘဲ၊ အခမဲ့ ရောင်းချခွင့်ပေးခဲ့သော ကြောင့်၊ စည်ပင်မှ တစ်နှစ်လျှင် အခွန်ငွေ (၀ ဒသမ ၈) ဘီလီယံ ဆုံးရှုံးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။ လမ်းဘေးဈေးသည်များအား စည်း ကမ်းဖောက်ဖျက် ကျူးလွန်ခြင်း (သို့မဟုတ်) လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှု ထင် ရှား စီရင်ခြင်း ခံရလျှင် ထိုသူ ကို အနည်းဆုံး ငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံး ကျပ် ငါးသိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် တစ်နှစ် အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ် နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေအသစ်တွင် ပြဋ္ဌာန်းထားသည်။
The Messenger