မုံရွာ - ယာကြီး - ကလေးဝ ကားလမ်း ခရီးသည်တင်မှန်လုံကားတစ်စီး မီးလောင်

ပို့စ်တင်ချိန် - 5/03/2014 04:04:00 PM


သတင်း ၊ ကိုတိုးကြိး
ကနီ၊ မေ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ - ယာကြီး - ကလေးဝ ကားလမ်း ၅၂ မိုင်နေရာ တွင် ယခုလ ၂ ရက်နေ့ ညနေပိုင်းက မုံရွာ - ကလေးမြို့သွား ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်ခဲ့ ကြောင်း ကနီမြို့မရဲစခန်းမှ သိရသည်။
“ ကားပေါ်မှာ ဆိုင်ကယ်တင်လာတယ်..။ အဲ့ဒီဆိုင်ကယ်က ဓာတ်ဆီတွေယိုစိမ့်ပြီး ကားနောက်ပိုင်းက ဂျင်အင်ပေါ်ကိုကျတယ်..။ တောင်ပေါ်လမ်းဖြစ်တာကြောင့် အင်ဂျင်အပူရှိန်နဲ့ ဆိုတော့ မီးကူးဆက်လောင် သွားတာမျိုးဖြစ်ပါတယ်…” ဟု ကနီမြို့မရဲစခန်းမှူး ဒုရဲမှူး စိန်အောင်မှ ပြောပြသည်။
အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် ခရီးသည်တင်မှန်လုံကားမှာ မုံရွာမှ - ကလေးမြို့သို့ ပြေးဆွဲလျက်ရှိသော အောင်ကမ္ဘာကားအသင်းမှဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် ယာဉ်ပေါ်၌ စီးနင်းလိုက်ပါသူ ခရီးသည် ၂၅ ပါရှိကြောင်း ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
“ တောင်ပေါ်မှာဆိုတော့ မီးငြိမ်းစရာ ရေလည်းမရှိဘူး..။ ဒီအတိုင်းဘဲကြည့်နေလိုကရတာပါ..။ ကားက တော့ အရိုးအတိုင်းဘဲကျန်တော့တယ်..။ ခရီးသည်အားလုံးကတော့ ဘေးလွတ်ခဲ့ပါတယ်…” ဟု ယာကြီး ကျေးရွာနေ ဒေသခံပြည်သူတစ်ဦးမှ ပြောပြသည်။
အဆိုပါ ခရီးသည်တင်ကား မီးလောင်ကျွမ်းမှုကြောင့် ခရီးသည်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိ ခြင်းမရှိသော်လည်း ယာဉ်ပေါ်ပါ ကုန်ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဘိုးအား အ သေးစိတ်တွက်ချက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း