ပြဿနာများနေတဲ့ ငွေဖြည့်ကတ်တွေ

ပို့စ်တင်ချိန် - 5/09/2014 03:03:00 PM


ယခုရက်ပိုင်းအတွင်း ငွေဖြည့်ကတ်များ ငွေဖြည့်ရာတွင် ပြဿ နာများ

ကြုံတွေ့နေရပြီး ချက်ချင်းမ၀င်ခြင်း၊ ငွေအလွယ်တကူဖြည့်သွင်း၍ မရခြင်း၊ လုံးဝဖြည့်မရခြင်း (Invalid Card Error) များ မကြာခဏ ကြုံတွေ့လာရကြောင်း ပြည်တွင်းရှိမိုဘိုင်းဖုန်း
အရောင်းဆိုင်အချို့နှင့် ငွေဖြည့်ကတ်အသုံးပြုသူများထံမှ သတင်းရရှိသည်။

‘‘အရမ်းအများကြီးဖြစ်တာတော့ မဟုတ်ပေမယ့် မကြာ မကြာတော့ ကြုံတွေ့လာရတယ်။ ဆိုင်မှာပဲ ဖြေရှင်းပေးလိုက်တာတွေရှိသလို Customer Care Center ကိုဆက်သွယ်ပြီး ဖြေရှင်းပေးလိုက်ရတာတွေလည်းရှိတယ်’’ ဟု လူကြီးမင်းဖုန်းဆိုင်မှ မန်နေဂျင်းဒါရိုက်တာကိုပြည်စိုးထွန်းက ပြောသည်။

ငွေဖြည့်ကတ်များ Error ဖြစ်ပွားခြင်းမှာ ညနေ ၅ နာရီ၊ ၆ နာရီခန့်နှင့် လူသုံးများသည့် အချိန်များတွင် ပို၍ ဖြစ်လေ့ရှိ ကြောင်း YGN Mobile ဖုန်းအရောင်းဆိုင်မှ မန်နေဂျင်းဒါရိုက် တာ ကိုသန်းထိုက်စိုးက ပြောသည်။
‘‘ငွေဖြည့်ရတာ သိပ်အဆင်မပြေဘူး။

ဘယ်လိုမှ ဖြည့်မရတာနဲ့ နောက်တစ်ရက်နေတော့ ပြန်ဖြည့်ကြည့်မှ ရသွားတယ်’’ ဟု CDMA 800 ၀၉၇၃ ..... ဖုန်း အသုံးပြုသူတစ်ဦးက ပြောသည်။

ငွေဖြည့်ကတ်များ အလွယ်တကူ ငွေဖြည့်မရပါက ခဏ ခဏပြန်၍ဖြည့်ခြင်းမျိုး မပြုလုပ်ဘဲ ၀ယ်ယူသည့်ဆိုင်များတွင် လဲလှယ်သင့်သည်။

ငွေဖြည့်ကတ်အခက်အခဲများနှင့်ပတ်သက်၍ GSM နှင့် WCDMA ဖုန်းများအတွက် 123 ၊ CD-MA 800 ၇၃ ဖုန်းများအတွက် 166 ၊ CDMA 800 MecTelဖုန်းများအတွက် 123 (သို့မဟုတ်) 3456 စသည့် နံပါတ်များသို့ ဆက်သွယ်၍ စုံစမ်းနိုင်ကြောင်းသိရသည်။

ယင်းသို့ ငွေဖြည့်ကတ်အခက်အခဲများ ကြုံရပါက ကုန်စုံဆိုင်နှင့် လမ်းဘေးဆိုင်များတွင် ၀ယ်ယူသည့်အခါ ပြန်လည်လဲလှယ်ပေးခြင်း
မရှိကြကြောင်း သိရသည်။

ထို့ပြင် ငွေဖြည့်ကတ်ပြဿ နာများအတွက် ဆက်သွယ်ရန် ပေးထားသည့် Hotline ဖုန်းနံပါတ်များမှာလည်း အမြဲတစေခေါ်ယူမရနိုင်ကြောင်း ဖုန်းသုံးစွဲသူများကပြောသည်။

ထို့အပြင် 1876 သို့ ဖုန်းဆက်၍ မေးမြန်းခြင်း၊ မိမိဝယ်ယူသည့်ဆိုင်သို့သွားရောက်၍ မေးမြန်းခြင်းတို့လည်း ပြုလုပ်နိုင်ကြောင်း လူကြီးမင်းဖုန်းအရောင်းဆိုင် (လသာ)မှ တာဝန်ခံတစ်ဦးက ပြောသည်။

7Day Daily