မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ ၂ သန်း ၆ သိန်းကျော်ပြီ

ပို့စ်တင်ချိန် - 5/15/2014 08:57:00 PM


 မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ စုစုပေါင်း ၂ သန်း ၆ သိန်းကျော် ရှိလာနေပြီး အဲဒီ အထဲမှာ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းစနစ်နဲ့ အသုံးပြုသူ ၂ သန်းလောက် ရှိပြီး အများဆုံးဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ကြေညာပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် စနစ်နဲ့ အသုံးပြုသူက ၆ သိန်းလောက်ရှိပြီး အဲဒီအထဲမှာ မြန်မာ့ဆက်သွယ်ရေးက ထုတ်တာရော၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ထုတ်တဲ့ ဆင်းကတ်တွေပါ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဆက်သွယ်ရေး အော်ပရောတာ လုပ်ကိုင်ခွင့်ရထားတဲ့ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီတွေကတော့ ဆင်းကတ်တွေ စတင် ရောင်းချတဲ့အချိန်မှာပဲ ဘာမှ ထပ်ပြီး လျှောက်ထားစရာ မလိုပဲ အင်တာနက်လိုင်းတွေ အသုံးပြုခွင့်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ မိုဘိုင်းဖုန်း အသုံးပြုနိုင်ပြီး အင်တာနက် အသုံးပြုသူဟာလည်း လူဦးရေရဲ့ ၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေပါသေးတယ်။

DVB Burmese