၂နှစ်သားကတည်းက အနုစိပ် မာစတာပိစ်တွေကို ဆွဲလာခဲ့တဲ့ ၁၁နှစ်အရွယ် ပန်းချီပါရမီရှင်လေး

ပို့စ်တင်ချိန် - 5/15/2014 04:17:00 PM




ီသီဟနိုင် on 2014-05-15 16:22  


Dusan Krtolica အမည်ရှိတဲ့ ဆာဗီးယာနိုင်ငံသား ၁၁နှစ်သားဟာ တိရစ္ဆာန်ကောင်လေးတွေရဲ့ ပန်းချီပုံတွေကို သိပ်ကို အသေးစိပ် ဖန်တီးရေးဆွဲနေခဲ့ပါတယ်။ သူဟာ အနုစိပ် မာစတာပိဝစ် (အပြောင်မြောက်ဆုံးသော ပန်းချီလက်ရာ)တွေကို ၂နှစ်သားကတည်းက ရေးဆွဲလာခဲ့သူပါ။

သူဟာ သက်ရှင်နေထိုင်နေတဲ့ တိရစ္ဆာန်တွေ၊ မျိုးတုံးသွားပြီဖြစ်တဲ့ မျိုးစိပ်တွေ၊ ဒိုင်နိုဆောတွေနဲ့ သံချပ်ဝတ်မြင်းစီးသူရဲကောင်းတွေ ကို ပုံကြမ်းရေးဆွဲပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အနုပညာ ပန်းချီလက်ရာတွေကို ပြပွဲလုပ်ခဲ့တာလည်း ၃ကြိမ်ရှိပါပြီ။ ပထမ ပြပွဲနှစ်ပွဲဟာ သူ့အသက် ၈နှစ်မတိုင်ခင်မှာပဲ ကျင်းပဖြစ်ခဲ့တာပါ။

Dusan Krtolica မှာ မယုံနိုင်လောက်အောင် ထူးခြားတဲ့ မှတ်ဉာဏ်ရှိပြီး အဆင့်မြင့်နို့တိုက်သတ္တ၀ါမျိုးစိပ် ၆၅မျိုးကို အမည်ပေးမှည့်ခေါ်နိုင်ပါတယ်။

Trend Myanmar