အမျိုးသမီးနှစ်ဦး သီလရှင်ကျောင်းတွင် အိပ်နေစဉ် ဓားထိုးခံရ

ပို့စ်တင်ချိန် - 5/04/2014 03:37:00 PM


သန်လျင်မြို့မရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းသန်းနှင့် အဖွဲ့သည် ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီက သန်လျင်ဆေးရုံတွင် ဓားထိုးခံထားရသည့် အမျိုးသမီးနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့သည်။
ဓားထိုးခံထားရသူ နှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ် မယုဒါလီနိုင်နှင့် အသက် ၁၆ နှစ်အရွယ် မမူမူဝင်းချိုတို့ဖြစ်ပြီး ပျဉ်ထောင်ကျေးရွာရှိ ဒေါ်ပုသီလရှင်ကျောင်း၌ အိပ်နေစဉ် နံနက် ၄နာရီခန့်တွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ကျော်ကျော် (ခ)ကျော်မင်းအောင် ၃၁နှစ်ရောက်ရှိလာပြီး အသင့်ပါလာသည့် ဓားဦးချွန်ဖြင့် ထိုးခဲ့သဖြင့် မယုဒါလီနိုင်တွင် နောက်စေ့၊ ယာလက်ဖျံ၊ ယာချိုစောင်း ထိုးသွင်းဒဏ်ရာနှင့် မမူမူဝင်းချိုတွင် နောက်စေ့၊ ဝဲလက်မောင်း၊ ဝဲနံရိုးတို့တွင် ထိုးသွင်းဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသစဉ် သေဆုံးခဲ့ ၍ အရေးယူပေးရန် တိုင်ကြားခဲ့သဖြင့်သန်လျင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

MOI Webportal Myanmar