အလုပ်သမားနေ့တွင် လက်ပံတောင်းဒေသခံများ လယ်တီသိမ်ဖြိုဖျက်မှုအတွက်ဆန္ဒပြ

ပို့စ်တင်ချိန် - 5/02/2014 06:38:00 AM


ရန်ကုန် ၊ မေ ၁။

ဧပြီ (၂၉)ရက်နေ့တွင် လယ်တီသိမ်တော်အား ဖြိုချဖျက်ခြင်းသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်ပါ အစီအရင်ခံစာ နှင့်ကိုက်ညီ
မှုမရှိသလို ကြေးနီစီမံကိန်း၏ တာဝန်ယူမှုမရှိခြင်းကို ဒေသခံများက ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

လယ်တီသိမ်တော်အတွင်းသို့ တာဝန်ရှိသူမှအပ မည်သူမှဝင်ရောက်ခွင့်မရှိဘဲ လုံခြုံရေးတင်းကျပ်ထားပြီး အလုပ်သမားများ
ဝင်ရောက်ဖူးမျှော်လျှင်လည်း ဆူငေါက်လွှတ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“လယ်တီသိမ်တော်ကို ဝင်ခွင့်မပေးတာကြာပါပြီ ဓါတ်ပုံရိုက်ရင်လဲဖျက်ပြစ်တယ် ဧပြီ(၂၈)ရက်ညက ငြမ်းဆင်ပြီး ဖျက်ဖို့လုပ်တာ
လေပြင်းတွေတိုက်လို့မဖျက်ဖြစ်ဘူးနောက်နေ့ရောက်တော့ အလုပ်သမားတွေက မဖျက်ရဲလို့ထိုင်နေကြတယ် အဲ့ဒါကိုတရုတ်တွေက
မြေတူးစက်၊မြေထိုးစက်တွေနဲ့ အုတ်တံတိုင်း တွေကိုဖြိုချနေတာပါ “ ဟုဒေသခံတစ်ဦးဖြစ်သူ မသွဲ့သွဲ့ဝင်းကပြောသည်။

ဒေသခံများက တုံရွာနှင့်ဆည်တဲရွာကြားရှိ လက်ပံတောင်းကြေးနီစီမံကိန်း ဆက်ဆံရေးရုံးသို့ သွားရောက်ကာ လယ်တီသိမ်တော်
အတွင်းသို့ဒေသခံများဝင်ရောက်ဖူးမျှော်ခွင့်ရရှိရေး၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီအရင်ခံစာနှင့်ကိုက်ညီခြင်းရှိမရှိ ဖော်ပြရန်
တို့ကို တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

ဆန္ဒပြပွဲနှင့် ပါတ်သတ်ပြီး၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမျိုးသန့်က” လယ်တီသိမ်နဲ့ပါတ်သတ်ပြီး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအရင်ခံစာမှာ လယ်တီသိမ်ကို မရွှေ့နဲ့လို့မပြောခဲ့ဘူး ရှေးမူမပျက်ပြောင်းရွှေ့ပေးဖို့ ပြောခဲ့ပါတယ်
ဒါကလဲဒေသခံတွေ မကြိုက်ပါဘူး ဒီကိစ္စနဲ့ပါတ်သတ်ပြီး အစိုးရကိုပြောရမယ် ဆိုရင် ပြည်သူကို နားရွက်တံတွေးစွတ်သလို
လုပ်နေတာပါ ငါအစိုးရပှဲုါလုပ်ချင်တာလုပ်မယ် ဆိုတဲ့သဘောမျိုးဖြစ်နေတယ် တိုင်းပြည်မှာမတရားမှု ကြီးစိုးနေရင် တိုင်းပြည်လည်း
ကောင်းမှာမဟုတ်ဘူး သက်ရှိသံဃာတော်တွေကိုတောင် မီးလောင်ဗုံးနဲ့ပြစ် အကြမ်းဖက်နိမ်နှင်းသေးတာ ဘုရားစေတီတွေကိုလည်း
သူတို့လုပ်မှာပဲ အဲ့ဒီအတွက်ဒေသခံတွေဆန္ဒပြတာ ဆိုတော့ လုပ်သင့်လုပ်ထိုက်တယ် ဦးတို့ကလဲအားပေးပါတယ် သူတို့ဘက်က
ရပ်တည်မယ် ” ဟုပြောသည်။

လယ်တီသိမ်တော်နှင့်ဘုရားနှစ်ဆူကို ဦးပိုင်ကုမ္ပဏီ၏လက်ပံတောင်းဒေသ ကြေးနီထုတ်လုပ်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးမြင့်ဦးနှင့်
တရုတ်ဝမ်ပေါင်ကုမ္ပဏီ ကြေးနီထုတ်လုပ်ရေးတာဝန်ခံ မစ္စတာ လောရှိယု တို့ကွတ်ကဲမှုဖြင့် ဧပြီ(၂၉)ရက်နေ့ည (၇း၂၀) အချိန်တွင်
စတင်ကာ မြေတူးစက်ကြီးများဖြင့် ဖျက်စီးခဲ့ကြောင်း သိရသည်။

လယ်တီသိမ်တော်နှင့်ပါက်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးကျော်က”အခုလိုသမိုင်းဝင်အထွဋ်အမြတ်ထားတဲ့စေတီတော်ကို
မလုပ်သင့်ပါဘူး။ဗုဒ္ဓသာသနာက ဘုရင်မင်းမြတ်တောင် မလုပ်ပဲချန်လှပ်ထားခဲ့တယ်။ လုပ်သင့်လုပ်ထိုက်တာ မဟုတ်ဘူးလေ။ဒါကလည်း
လယ်တီဆရာတော်ဘုရားကြီးကလည်း သာသနာပြုခဲ့တဲ့အနေနဲ့ ထားရှိခဲ့တယ်။ထေရဝါဒသာသနာကို ကမ္ဘာမှာ ထိပ်ဆုံးကထိန်းသိမ်း
နိုင်တဲ့နိုင်ငံဖြစ်ပါရက်နဲ့ အခုလိုပြုမူတာမကောင်းဘူးပေါ့။ဒါကိုလူနဲ့ ဘုရင်မင်းမြတ်တွေက ထိမ်းသိမ်းဖို့လိုပါတယ်”ဟုပြောပြခဲ့သည်။

 လယ်တီသိမ်တော်နှင့်ပါက်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၈)၊ပုဒ်မ(၃၆၃)အရ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော
ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်နှင့် ပုဒ်မ(၃၉၀) (က)အရ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း
စောင့်ရှောက်ခြင်းဟုဆိုသော ဥပဒေများကို မလိုက်နာသည့်အပြင် လက်ပံတောင်းတောင်အစီရင်ခံစာအတိုင်း မလိုက်နာတာတွေလည်းရှိနေတယ်
ဟု ဒေသခံတွေကပြောပြခဲ့သည်။

ချမ်းမင်းဟန်
ဓာတ်ပုံ-ကိုထွန်းဝေ
The Myanma Age