ပြည်မြို့က ဆိုက်ကားသမားများ ဆန္ဒပြ

ပို့စ်တင်ချိန် - 5/29/2014 08:38:00 PM


၂၀၁၄ ခုနှစ်အတွက် လိုင်စင် သက်တမ်းတိုးရာမှာ ဆိုက်ကားဘေးလက်တန်း ၂ ဖက်မပါရင် လိုင်စဉ်ဝင်ခွင့် မပေးတဲ့အတွက် ပြည်မြို့က ဆိုက်ကားသမားတွေ မေလ ၂၉ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
မေလ ၂၉ ရက်နေ့ မနက် ၈ နာရီခွဲမှာ ပြည်မြို့လယ် ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ်ရှေ့ကနေ ဆိုက်ကားသမား ၃၀ နဲ့ ဆန္ဒပြသူ ၅၀ လောက်က ဆိုက်ကား နင်းပြီး ဆန္ဒပြခဲ့ကြတာပါ။

လမ်းမတော်လမ်း-လမ်းရှည်လမ်း၊ သံတချောင်းလမ်းကနေတဆင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စည်ပင်သာယာရုံးရှေ့နဲ့ ဆိုက်ကားလိုင်စင်လုပ်ပေးနေတဲ့ ဌာနရှေ့မှာ ဆန္ဒပြခဲ့ကြတာလို့ ဆိုက်ကားဆရာ ကိုဝင်းလှိုင်က ပြောပါတယ်။

ဆိုက်ကားဆရာတွေဟာ ၂၀၁၄ ခုနှစ်အတွက် လိုင်စင်သက်တမ်းတိုးရာမှာ ဆိုက်ကား ဘေး လက်တန်း ၂ ဖက်မပါရင် လိုင်စဉ်ဝင်ခွင့်မပေးတဲ့အတွက် အခုလို ဆန္ဒပြကြ တာဖြစ်ပါ တယ်။

အသံဖိုင် နားဆင်ရန်


DVB Burmese