သဘာဝဓါတ်ငွေ့အရောင်းဆိုင်၏ ထရမ်စဖော်မာ CT ကွိုင်အိုး ပေါက်ကွဲမှုဖြစ်

ပို့စ်တင်ချိန် - 5/28/2014 05:52:00 PM


ရန်ကုန်၊ မေ ၂၈

၂၇.၅.၂၀၁၄ရက်နေ့ ၁၇၄၀အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ ရန်ကုန်-ပြည်လမ်းမဘေးရှိ အမှတ်-၀၂၅ သဘာဝဓါတ်ငွေ့အရောင်းဆိုင်၏ ယာဘက် ၀င်ပေါက်
အနီးတွင် တပ်ဆင်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း
ဌာနပိုင် ထရမ်စဖော်မာ CT ကွိုင်အိုးရှော့ဖြစ်ရာမှ မြက်ခြောက်များကို မီးစွဲလောင်ခဲ့ပြီး ထရမ်စဖော်မာကွိုင်အိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။

ထိုသို့ဖြစ်ပွားခဲ့သဖြင့် ဓါတ်ငွေ့ဆိုင်ဝန်ထမ်းများ၊ ပတ်ဝန်းကျင်ရှိပြည်သူ
များနှင့်မီးသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့၍ ၁၇၄၅အချိန်တွင်
မီးငြိမ်းသွားခဲ့ပြီး အခင်းဖြစ်နေရာသို့ တာဝန်ရှိသူများရောက်ရှိ
စစ်ဆေးခဲ့ပါသည်။

ထရမ်စဖော်မာကွိုင်အိုးပေါက်ကွဲစဉ် ရန်ကုန်-ပြည်လမ်းအတိုင်း
မောင်းနှင်နေသော အမှတ်(၅၃)မ.ထ.သယာဉ်လိုင်း ရန်ကုန်-မှော်ဘီ ခရီးသည်တင်ယာဉ်၏ ယာဘက်ဘေးမှန်အား ထရမ်စဖော်မာမှ
ကြွေသီးစထိမှန်ခဲ့ရာ မှန်ကွဲသွားခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည် မင်္ဂလာဒုံ
မြို့နယ်နေ ဒေါ်အေးမြင့်ကို ဆက်လက်ထိမှန်ခဲ့သဖြင့် ယာဘက်
လက်ဖျံပေါက်ပြဲ၊ ကျောကုန်ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ပေါက်ကွဲမှုကြောင့် ပြည်လမ်းမပေါ်တွင် မောင်းနှင်နေသော စူပါကာစတန်ယာဉ်၏ ယာဘက်နောက်ခန်းမှန်နှင့် ဓါတ်ငွေ့ဆိုင်
အတွင်းရပ်ထားသော စူပါရုယာဉ်၏နောက်မှန်တို့မှာလည်း ကွဲအက်
သွားခဲ့ပါသည်။

ယင်းသို့ဖြစ်ပွားခဲ့ပြီး ၁၉၁၅အချိန်တွင် မီးစက်ဖြင့် သဘာဝဓါတ်ငွေ့
များပြန်လည် ရောင်းချပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

MOI Webportal Myanmar