iPhone 6 ထုတ်လုပ်မှု စတင်နေဟုဆို

ပို့စ်တင်ချိန် - 5/14/2014 09:12:00 PM


Apple သည် iPhone 6 ထုတ်လုပ်မှုကို အရှိန်တိုးမြှင့် ဆောင်ရွက်နေကြောင်း Apple စက်ရုံများထဲမှ တစ်ခုသည် iPhone 6 အမှာစာများ ရရှိနေပြီဖြစ်ကြောင်း Mac Rumors က ဖော်ပြခဲ့သည်။

Apple စက်ရုံ Pegatron သည် Apple ၏ 4.7 လက်မရှိသော iPhone 5s နောက်ထွက်ရှိလာမည့် iPhone 6 အမှာစာ ၁၅ ရာခိုင်နှုန်းကို ရရှိထားဖွယ်ရှိကြောင်း သိရသည်။ Pegatron သည် ယခုနှစ်အတွင်း Apple စမတ်ဖုန်း အလုံးရေသန်း ၅၀ ခန့် ထုတ်လုပ်ထားကာ ၎င်းတို့ထဲတွင် iPhone 6, iPhone 5c နှင့် iPhone 4s အလုံးရေများ ပါဝင်ဖွယ်ရှိသည်။ Apple ပစ္စည်းများ ထုတ်လုပ်ပေးသည့် Taiwan Semiconductor Manufacturing ကုမ္ပဏီသည် iPhone 6 မျိုးဆက်သစ် iPad Air နှင့် iPad min ထုတ်ကုန်များအတွက် TouchID လက်ဗွေအာရုံခံစနစ်များ လက်ခံရရှိထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Apple သည် ယခုနှစ်တွင် iPhone ကို 4.7 လက်မနှင့် 5.5 လက်မ display ဟူ၍ ဗားရှင်းနှစ်မျိုး ထုတ်လုပ်ဖွယ်ရှိသည်။ ၎င်း 5.5 လက်မဗားရှင်းသည် နောင်နှစ်မှသာ ထွက်ရှိနိုင်ဖွယ်ရှိပြီး Apple အနေဖြင့် လိုအပ်သည့် အရွယ်အစားအတိုင်း in-cell နည်းပညာထုတ်လုပ်မှုတွင် အခက်အခဲ ကြုံတွေ့နေရဖွယ် ရှိသောကြောင့်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။


စိုးထက်
Ref: BusinessInsider
Internet Journal