iPhone တွင် email attachment ဖိုင်များကို ဟက်ကာများ ရယူနိုင်သည့် အားနည်းချက်ရှိ

ပို့စ်တင်ချိန် - 5/14/2014 09:13:00 PM


iPhone ကို passcode ဖြင့် lock ပြုလုပ်ထားလျှင်ပင် email မှတစ်ဆင့် ပေးပို့ထားသည့် ဖိုင်များကို အသုံးပြုနိုင်သည့် အားနည်းချက်အား ဂျာမန်လုံခြုံရေးပညာရှင် Andreas Kurtz က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၂၀၁၀ ခုနှစ်တွင် iOS 4 Software ကို မိတ်ဆက်စဉ်က ဖိုင်များကို လုံခြုံမှုရှိသည့် အလွှာတစ်ခုဖြင့် ထပ်မံကာကွယ်ထားကြောင်း Apple က အခိုင်အမာဆိုခဲ့သည်။ အဆိုပါစနစ်သည် ဖုန်းအတွင်းရှိ email attachment များကို သီးခြား lock လုပ်ပေးထားခြင်း ဖြစ်သည်။  ၎င်းစနစ်သည် အကယ်၍ ဟက်ကာများက ဖုန်းကိုထိန်းချုပ်ပြီး ကွန်ပျူတာနှင့် ချိတ်ဆက်ကာ passcode ကို ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် email attachment များကို တွေ့မြင်နိုင်ခြင်းမရှိအောင် ပြုလုပ်ထားခြင်းဖြစ်သည်။

သို့သော်လည်း အမှန်တကယ်တွင် ဖိုင်များကို encrypt လုပ်ထားခြင်းမရှိဘဲ iPhone 4 ကို ကွန်ပျူတာတွင် တပ်ဆင်ပြီး passcode ကျော်ဖြတ်လိုက်သည်နှင့် email  attachment များကို တွေ့မြင်နိုင်ကြောင်း Kurtz က ပြောကြားခဲ့သည်။

Passcode နှင့် Lock ပြုလုပ်ထားသည့် iPhone အတွင်းမှ ဖိုင်များကို ဟက်ကာများမှ ရယူနိုင်သည့် နည်းလမ်းအချို့ ရှိသော်လည်း သီအိုရီအရ ဖိုင်များကို encrypt လုပ်ထားသောကြောင့် ရှုပ်ထွေးသည့် နံပါတ်များနှင့် စာလုံးများကိုသာ မြင်တွေ့ရမည်ဖြစ်သည်။ သို့သော်လည်း Kurtz ၏ တွေ့ရှိချက်တွင် email attachment များကို encrypt လုပ်ထားခြင်းမရှိကြောင်း သိရသည်။ အဆိုပါ နည်းလမ်းသည် ထုတ်ကုန်အသစ်များတွင် အလုပ်မလုပ်သော်လည်း အားနည်းချက်များမှာမူ ဆက်လက်ရှိနေသေးကြောင်း ၎င်းအားနည်းချက်ကို iPhone 4, iPhone 5S နှင့် iPad 2 တွင် စမ်းသပ်ခဲ့ပြီး Apple ထံသို့ အကြောင်းကြားခဲ့သော်လည်း update အနေဖြင့် ဖြန့်ချိခဲ့သည့် iOS 7.1.1 တွင် အားနည်းချက်ကို ပြင်ဆင်ထားခြင်း မရှိကြောင်း NESO Security Labs ကို တွဲဖက်တည်ထောင်သူ Kurtz က ပြောကြားခဲ့သည်။

နောင်နောင်
Ref: CNN
Internet Journal