Maxim ၏ ကမ္ဘာ့ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီး ကန်ဒိုက်စ် (သတင်း+ဓာတ်ပုံများ)

ပို့စ်တင်ချိန် - 5/29/2014 08:24:00 PM


Victoria’s Secret၏ လက်ရွေးစင် အလှမယ်ဖြစ်သော ကန်ဒိုက်စ်ကို Maxim၏ စာဖတ်ပရိသတ်များက နာမည်ကျော် အတော်များများအား ကျော်လွန်ကာ ဆွဲဆောင်မှု အပြည့်ဝ အပြင်းပြဆုံးအဖြစ် မဲပေးခဲ့ကြ


Maxim မဂ္ဂဇင်းက ယခုနှစ်အတွက် ကမ္ဘာပေါ်တွင် ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီးအဖြစ် တောင်အာဖရိက စူပါမော်ဒယ်လ် ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်ကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ Victoria’s Secret၏ လက်ရွေးစင် အလှမယ်ဖြစ်သော ကန်ဒိုက်စ်ကို Maxim၏ စာဖတ်ပရိသတ်များက နာမည်ကျော် အတော်များများအား ကျော်လွန်ကာ ဆွဲဆောင်မှု အပြည့်ဝ အပြင်းပြဆုံးအဖြစ် မဲပေးခဲ့ကြသည်။

မဂ္ဂဇင်း၏ Twitter စာမျက်နှာ၌ “အားလုံး စောင့်မျှော်နေတဲ့အချိန် ကျရောက်လာပါပြီ။ (၂၀၁၄)ခုနှစ်အတွက် Maximရဲ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး(၁၀၀)စာရင်းမှာ နံပါတ်(၁)အဖြစ် ရွေးချယ်လိုက်တာကတော့ ကန်ဒိုက်စ်ပါပဲ”ဟု ရေးသားဖော်ပြခဲ့သည်။ အသက်(၂၅)နှစ်ရှိ ကန်ဒိုက်စ် ကိုယ်တိုင်ကလည်း ယခုစာရင်းတွင် ထိပ်ဆုံးနေရာ ရခဲ့သည့်အတွက် ပျော်ရွှင်ကြောင်း ဆိုသည်။ Maximက ရွေးတဲ့စာရင်းမှာ နံပါတ်(၁) ဖြစ်ခွင့်ရတာဟာ ဧရာမ ဂုဏ်ပြုမှုကြီး တစ်ရပ်ပါပဲ။ အရမ်းလှတဲ့၊ အရမ်းထက်မြက်တဲ့ အမျိုးသမီးတွေထဲမှာမှ ခုလို ရွေးချယ်ခံရတဲ့အတွက် တကယ့်ကို ခမ်းနားပျော်ရွှင်တဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာမိပါတယ်”ဟု ကန်ဒိုက်စ်က Twitterပေါ်တွင် တုံ့ပြန်ခဲ့သည်။

Maxim၏ ဖန်တီးမှုဒါရိုက်တာ ပေါလ်မာတီနက်ဇ်က “ကန်ဒိုက်စ်ဟာ Maximက မီးမောင်းထိုးပြချင်တဲ့ ကိုယ်ရည်ကိုယ်သွေး အားလုံးနဲ့ ကိုက်ညီပြည့်စုံနေသူပါ။ လှတယ်၊ ကျက်သရေရှိတယ်၊ ဖက်ရှင်နဲ့ ပတ်သက်ရင် ပင်ကိုအသိဉာဏ်ကို ပြည့်စုံလွန်းတယ်။ ခုဆိုရင် သူဟာ ကမ္ဘာ့ထိပ်တန်းအဆင့် စူပါမော်ဒယ်လ် တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါပြီ။ သူ့ထက် ပိုပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်ကို စိတ်ကူးပုံဖော်ကြည့်ဖို့ ခက်ခဲလွန်းပါတယ်”ဟု ချီးကျူးခဲ့သည်။

Maxim၏ စာရင်းတွင် ယမန်နှစ်က အဆင့်(၁၃) ချိတ်ခဲ့သည့် စကားလက် ဂျိုဟန်ဆန်မှာ ဒုတိယနေရာသို့ ရောက်လာပြီး ကေတီပယ်ရီနှင့် ရုရှားစူပါမော်ဒယ်လ် အီရီနာရှိတ်ခ်တို့က အဆင့်(၃)နှင့်(၄) အသီးသီးချိတ်ခဲ့သည်။ Maxim၏ အဆင့်သတ်မှတ်ချက် နံပါတ်(၅) နေရာတွင် အော်စကာဆုရှင် တက်သစ်စ မင်းသမီး ဂျနီဖာလောရင့်စ်က ယမန်နှစ်ကအတိုင်း အဆင့်မပြောင်းလဲဘဲ ရပ်တည်နေကြောင်း သိရှိရသည်။

ပုံကိုနှိပ်ပြီး အကြီးကြည့်နိုင်ပါသည်။








Planet Myanmar Network