Mercedes-Benz ရဲ့ ကိုယ်ပျောက်ကား

ပို့စ်တင်ချိန် - 5/21/2014 08:45:00 PM


ဖောက်သည်တွေရဲ့ စိတ်ဝင်စားမှုကို ခံယူချင်ယုံသက်သက်နဲ့ Mercedes-Benz ဟာ ပတ်ဝန်းကျင်နဲ့  သိပ်လိုက်လျောညီထွေဖြစ်မှာမဟုတ်တဲ့ ကိုယ်ပျောက်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ LED မီးလုံးတွေ အသုံးပြု ထားတဲ့ ဒီကားဟာ မာစီးဒီးစ်ရဲ့ ပထမဆုံး ကိုယ်ပျောက်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဒီမော်တော်ကားရဲ့ မောင်းသူဘက်ခြမ်းမှာ LED မီးလုံးတွေကို အပြည့်တပ်ဆင်ထားပါတယ်။ တဖက်ခြမ်းမှာ တပ်ဆင်ထားတဲ့ Canon EOS 5D Mark 2 ဒီဂျစ်တယ် SLR ကင်မရာက ကားရဲ့ တစ်ဖက်ခြမ်း ( ခရီးသည်ဘက်ခြမ်း) မှာ ရှိတဲ့ မြင်ကွင်းကို ဗီဒီယိုရိုက်ကူးပြီး မောင်းသူဘက်ခြမ်းမှာ တပ်ဆင်ထားတဲ့ LED တွေကနေ တဆင့် ပြန်လည်ပြသပါတယ်။ ဒီနည်းစနစ်က တစ်ဖက်က ကြည့်ရတဲ့ လမ်းသွားလမ်းလာတွေအဖို့ ထုတ်ချင်းဖောက်မြင်နေရသလို ဖြစ်ပြီး ကားကို အမြင်အာရုံမှာ မတွေ့ နိုင်တော့ဘဲ ကိုယ်ပျောက်စေတာပါ။ ဒီ ကိုယ်ပျောက်ကားဟာ မိုင်ပေါင်း ၂၅၀ အကွာအဝေးအထိ မောင်းနှင်နိုင်ပြီး မြင်းကောင်ရေ ၁၃၄ ကောင်အားရှိတဲ့ လျှပ်စစ်အင်ဂျင် တစ်လုံး တပ်ဆင် ထားပါတယ်။

Ref: Flixxy.com