MH 370 သတင်းထုတ်ပြန်ခန်းကို မလေးအစိုးရ ပိတ်ချလိုက်တော့မယ်

ပို့စ်တင်ချိန် - 5/02/2014 11:23:00 AM


မလေးရှားလေယာဉ်ပျောက်ပေါ်ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုတွေအတွက် စီစဉ်ပေးထားတဲ့ သတင်းထုတ်ပြန်ခန်းကို ပိတ်တော့မယ်လို့ မလေးရှားလေကြောင်းလိုင်းက ပြောဆိုလိုက်ပါတယ်။
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပျောက်ကို ရှာတာ အခုဆိုရင် နှစ်လ နီးပါး ရှိလာပေမယ့် ဘာမှ ထူးထူးခြားခြားမတွေ့ရှိရသေးပါဘူး။
ဒါပေမယ့်လည်း သမုဒ္ဒရာ ကြမ်းပြင်အောက်ရှာဖွေမှုကို ဆက်ပြီး တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ ဆွေမျိုးသားချင်းတွေ အနေနဲ့ မိမိတို့ အိမ်ကနေပဲ ကူညီအားပေးကြဖို့ လေကြောင်းလိုင်းက ပြောဆိုလိုက်ပါတယ်။
ပျောက်ဆုံးလေယာဉ် MH 370 နဲ့ ပတ်သက်တဲ့ ကနဦးအစီရင်စာကို မလေးရှား အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပြီး လေယာဉ်ရှာဖွေမှုနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ABC Radio Australia