မြန်မာနိုင်ငံကို နိုင်ငံတကာက မြင်တဲ့အမြင်တွေပြောင်းလဲသွားစေချင်တဲ့စိတ်ကြောင့် မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်ရိုက်ကူးခြင်းဖြစ်တယ်ဆိုတဲ့ အမေရိကန်လူမျိုး Ms.Mona E Strassburger

ပို့စ်တင်ချိန် - 5/21/2014 10:37:00 AM


၁၉၉၈ ခုနှစ်က မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတစ်ဦးအနေနဲ့ လာရောက်လည်ပတ်ခဲ့ဖူးတဲ့ အမေရိကန်လူမျိုး Ms.Mona E Strassburger ဟာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ မြန်မာနိုင်ငံကိုြ
ပန်လည်ရောက်ရှိလာပြီးနောက် ရန်ကုန်မြို့ ဓမ္မစေတီလမ်းရှိ Business Alliance Hotel မှာ အုပ်ချုပ်သူ အကြီးအကဲ တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။  Ms.Mona E Strassburger ဟာ ၂ဝ၁၃ခုနှစ် နိုဝင်ဘာလလောက်မှာတော့ အမေရိကန်နိုင်ငံသူ မြန်မာလူမျိုး Ms. Kristina Kyi နဲ့ တွေ့ဆုံခဲ့ပြီးနောက် ” မုဒြာရဲ့ခေါ်သံ” ဆိုတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ရိုက်ကူးထုတ်လုပ်ဖို့စတင်ခဲ့ပါတယ်။ Kristina Kyi နဲ့ ဇာတ် လမ်းဇာတ်ညွှန်းများကို တိုင်ပင်ပြီးနောက် အင်္ဂလိပ်စကားပြောအထူးကျွမ်းကျင်တဲ့ သရုပ်ဆောင်တွေကို ရွေးချယ်မွေးထုတ်ပြီး နောက်ပြင်သစ်လူမျိုးဒါရိုက် တာနဲ့နိုင် ငံတ ကာသရုပ်ဆောင် ပညာရပ်တို့ကို ၃ ပတ်တိတိ သင်ယူစေခဲ့ပြီးနောက် ရိုက်ကူးရေးများကို စတင်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ထုတ်လုပ်သူအနေနဲ့ အစစ အရာရာ ကို ငွေကြေးစိုက်ထုတ်တာဝန်ယူထားတဲ့ အမေရိကန်နိုင်ငံသူ Ms.Mona E Strassburger တွေ့ဆုံမေး မြန်းခွင့်ရခဲ့ပါတယ်။




မေး-  ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကို ဘာကြောင့်ရိုက်ကူးချင်ခဲ့တာလဲ။
ဖြေ- ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ဖို့ စတင်ခဲ့တာက ၂ဝ၁၃ခုနှစ်၊ နိုဝင်ဘာလောက်မှာ  ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာမဖြစ်တဲ့ Kristina Kyi နဲ့ တွေ့ဆုံဖြစ်ရင်းကနေ ဒီဇာတ်ကားရိုက်ဖို့  ဖြစ်လာတာပါ။ Kristina Kyi ပြောပြတဲ့ ဇာတ်လမ်းမျိုးကို သူနဲ့ မတွေ့ခဲ့မီ လွန်ခဲ့တဲ့နှစ်တွေက အတွေး ထဲမှာ အဲဒီလိုဇာတ်လမ်းမျိုးကို ပုံဖော်ခံစားခဲ့ဖူးတယ်။ မြန်မာ့ရိုးရာပစ္စည်းတွေ၊ အကအလှတွေ၊ ပြီးတော့ ယဉ်ကျေးမှုတွေနဲ့ ဖော်ကျူးပြီးတော့ ကမ္ဘာကို မြန်မာနိုင်ငံ အကြောင်း ချ ပြချင်တာပေါ့။ အဲဒါနဲ့ Kristina Kyi နဲ့တွေ့တော့ အဲဒီလိုဇာတ်လမ်းဖြစ်တာမို့ လက်ခံပြီး စတင်ရိုက်ကူးဖြစ်ခဲ့တာ။  ” မုဒြာရဲ့ခေါ်သံ”  ရုပ်ရှင်မှာ ၈ဝ ရာခိုင်နှုန်းက အင်္ဂလိပ်စကားပြောတွေချည်းပဲ ပါပါမယ်။ အဲဒါကြောင့်လည်း အင်္ဂလိပ်စာအရမ်းကျွမ်းကျင်သူတွေကို ရွေးချယ်ခဲ့တာပါ။
မေး-ဘာလို့မြန်မာ့ရှုခင်း၊ မြန်မာ့အကအလှတွေပါမယ့် မြန်မာ့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ အင်္ဂလိပ်စကားပြောတွေကိုပဲ သုံးဖြစ်တာလဲ။
ဖြေ- ဘာလို့အင်္ဂလိပ်စကားပြောကို ၈ဝ ရာခိုင်နှုန်းပြောကြမှာလဲဆိုတော့ ကျွန်မက နိုင်ငံတကာကို ပြသဖို့အဓိကရည်ရွယ်ထား တော့ နိုင်ငံတကာရုပ်ရှင်ကြည့် တဲ့သူတွေ က အင်္ဂလိပ်စကား ပြောဆိုရင် ပိုအဆင်ပြေနိုင်တယ်လို့ ထင်တယ်။ Subtitle ထိုးတယ်ဆိုရင် အဆင်မပြေလောက်ဘူး။ အဲဒါကြောင့် ၈ဝ ရာခိုင်နှုန်းအင်္ဂလိပ်စကားပြောနဲ့ပဲ ရုပ်ရှင်ကိုရိုက်တာပါ။ ပြီးတော့ နိုင်ငံတကာကလူတွေဟာ ဒီ ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့ အင်မတန်ကို ခမ်းနားတဲ့ မြန်မာနိုင်ငံကို ဟောလီးဝုဒ်ရုပ် ရှင် ဇာတ်ကားတစ်ကားကို ကြည့်ရှုလိုက်ရသလို အံ့သြသွားကြလိမ့်မယ်။ မြန်မာလူမျိုးတွေအားလုံးအတွက် ဂုဏ်ယူစရာ ဖြစ်သွားလိမ့်မယ်။ နိုင်ငံတကာက လူတွေဟာ လည်း မြန်မာနိုင်ငံကို အခုထက်ပိုပြီး စိတ်ဝင်စားလာကြလိမ့်မယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ပြီးတော့ ” မုဒြာရဲ့ခေါ်သံ” ကို အဓိက ရိုက်ကူးရတဲ့ ရည်ရွယ်ချက် က လည်း မြန်မာနိုင်ငံကို နိုင်ငံတကာကမြင်တဲ့ အမြင်တွေပြောင်းလဲသွားစေချင်တဲ့ စိတ်လည်းပါတယ်။ မြန်မာနိုင်ငံဆိုတာ ဒီလို မျိုးခမ်းနားတဲ့နိုင်ငံလေးပါလားဆိုတာကို သိစေဖို့ပါ။ ကျွန်မဒီရုပ်ရှင်ကိုချပြတာကလေ နိုင်ငံရေးတွေလည်း မပါပါဘူး။ နိုင်ငံတကာ စံချိန်မီတဲ့၊ နိုင်ငံတကာ အဆင့်ရှိတဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားကို ချပြချင်တာပါ။

မေး- ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကို ဇာတ်ညွှန်းအကျဉ်းတင်တာတွေ နဲ့ ရိုက်ကူးခွင့်တင်တာတွေကိုကော ဘယ်လို လုပ်ဆောင်ခဲ့လဲ။
ဖြေ- မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့က တအားကိုကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက HOME နဲ့လည်း ရင်းနှီးမှုရှိတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ လုပ်ရကိုင်ရတာမှာ အစစအရာရာ အကုန်အဆင်ပြေပါတယ်။ မြန်မာရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနနဲ့ကျတော့ နိုင်ငံတကာကနေလာလုပ်တဲ့ ရုပ်ရှင် အဖွဲ့အစည်းတိုင်းက ချိတ်ဆက်ရတယ်လေ။ ” မုဒြာရဲ့ခေါ်သံ”  မတိုင်ခင်က ဘရာဇီး ရုပ်ရှင်မှတ်တမ်းအဖွဲ့ကို ကျွန်မတို့က သူတို့နဲ့ချိတ်ဆက်ပေးခဲ့ဖူးတော့ရင်းနှီး ခဲ့တယ်။ ဇာတ်ညွှန်းအကျဉ်းတင်တာတွေကတော့ လုပ်ခဲ့တယ်။ ဒါပေမဲ့အားလုံးအဆင်ပြေခဲ့ တယ်။ ပြီးတော့ ” မုဒြာရဲ့ခေါ်သံ” ကို ပုဂံမှာသွားရိုက်တော့ ယဉ်ကျေး မှုဝန်ကြီး ဌာန သာသနာရေးဝန်ကြီးဌာနတို့ရဲ့ အကူအညီတွေ အများကြီးရခဲ့တယ်။
မေး- ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကို ဘယ်လိုကင်မရာအမျိုး အစားစက်ပစ္စည်းတွေနဲ့ ရိုက်ကူးနေတာပါလဲ။
ဖြေ- ” မုဒြာရဲ့ခေါ်သံ” မှာ အသုံးပြုတဲ့ ကင်မရာက Black Magic  ကင်မရာသီးသန့်သုံးခဲ့တယ်။ Black Magic  ၃ လုံးနဲ့ ရိုက်ကူးနေပါတယ်။ ပြီးတော့ ရိုက်ကူးတဲ့ သူတွေ အကုန်လုံးဟာလည်း မြန်မာလူမျိုးတွေချည်းပါ။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊စက်မှုလုပ်သားထိအဆုံး အကုန်မြန်မာလူမျိုးတွေနဲ့ ရိုက်ကူးထားတာပါ။Post Production  အပိုင်းကိုလည်း မြန်မာနိုင်ငံမှာပဲ ဖြစ်နိုင်ရင်လုပ်ချင်ပါတယ်။ အခုတော့ စီစဉ်နေဆဲပါ။

မေး- ” မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကို ဘယ်တော့လောက်များ ရိုက်ကူးမှုအပြီးသတ်နိုင်လိမ့်မလဲ။ ဘယ်တော့လောက် ပရိသတ်တွေ ကြည့်ရှုခွင့်ရနိုင်မလဲ။ နိုင်ငံတကာ မှာကော ဘယ်လိုယှဉ်ပြိုင် ပြသသွားဖို့ရှိမလဲ။
ဖြေ- ” မုဒြာရဲ့ခေါ်သံ” ကို အခုရိုက်နေဆဲဆိုတော့ ကျွန်မအထင် ဇွန်လအလယ်လောက် (ဒုတိယအပတ်)လောက်မှာ ရိုက်ကူးမှု ပြီးစီးနိုင်မယ်လို့ထင်ပါတယ်။ ” မုဒြာရဲ့ခေါ် သံ”ံရုပ်ရှင်အားလုံးပြီးစီးပြီးဆိုရင် ကျွန်မရဲ့အဓိကရည်ရွယ်ချက်က အမေရိကန် ပြည်ထောင်စုက ကိန်းရုပ်ရှင်ပွဲတော် ပြီးရင်အကြီးအကျယ်ဆုံး နဲ့ အခမ်းအနားဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ ဆန်းဒန်းရုပ်ရှင်ပွဲတော်မှာအမီ ပြနိုင်အောင်လုပ်ပါမယ်။ ဆန်းဒန်းရုပ်ရှင်ပွဲ တော်ကို ၂ဝ၁၅ ဇန်နဝါရီလထဲမှာ လုပ်မှာဆိုတော့ ” မုဒြာရဲ့ခေါ်သံ”ံ ကို အဲဒီမှာပြပါမယ်။ အဲဒီဟာက ကျွန်မအိပ်မက်ပါ။ ကျွန်မအိပ်မက်ကို ဆန်းဒန်းရုပ်ရှင်ပွဲ တော်မှာအကောင်အထည်ဖော်ပါမယ်။ မြန်မာနိုင်ငံမှာတော့ ” မုဒြာရဲ့ခေါ် သံ”ံရုပ်ရှင် ကို ဘယ်တော့လောက်ပြနိုင်မလဲဆိုတာကို အတိအကျမပြောရဲပါဘူး။ ဒီမှာက ရုပ်ရှင်ဇာတ်ကားတွေ တစ်ခါပြဖို့ နှစ်နှစ်ကာလဆိုတဲ့အချိန်အကြာ ကြီးစောင့် ဆိုင်းနေ ရတာလို့ ကြားဖူးတယ်။ မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံတွေတော့ အများကြီးလိုဦးမယ်ထင်ပါတယ်။ ကျွန်မပြောချင်တာကတော့ ” မုဒြာရဲ့ခေါ်သံ” ကို မြန်မာပရိသတ်တွေ ကြည့် ခွင့်ရရင် တအားကိုအံ့သြဂုဏ်ယူကြမှာပါ။

ထက်လူလူ
မြန်မာဘာသာပြန် – မရည်မွန် (Bussiness Alliance Hub)
Popular Journal