URL ဖျောက်ရန် စီစဉ်ထားသော Google Chrome တွင် အားနည်းချက်ရှိဟုဆို

ပို့စ်တင်ချိန် - 5/12/2014 07:58:00 PM


Google သည် Chrome တွင် URL များ ဖယ်ရှားရန် ပြောင်းလဲမှုများ ပြုလုပ်အပြီး တစ်ရက်အကြာတွင် လုံခြုံရေးကုမ္ပဏီ PhishMe မှ Chrome အားနည်းချက်များ တွေ့ရှိခဲ့ရကြောင်း သိရသည်။

Google က အဆိုပါ feature ကို "oringin chip" ဟုခေါ်ကာ location bar နေရာမှ URL နေရာတွင် ဝက်ဘ်ဆိုက်၏ အဓိက domain ဗားရှင်းဖြင့် အစားထိုးထားသည်။ ဥပမာအားဖြင့် ဝက်ဘ်ပေါ်ရှိ စာမျက်နှာ နေရာအပြည့်အစုံကို ဖော်ပြထားသည့် လိပ်စာအပြည့် အစုံနေရာတွင် "cnet.com" ကို အစားထိုးဖော်ပြထားသည်။ Location bar ကို select ပြုလုပ်လိုက်လျှင် URL အပြည့်အစုံ ကို ဖော်ပြပေးမည်ဖြစ်ကာ လိပ်စာအပြည့်အစုံကို အသုံးပြုနိုင်သည်။ ၎င်း၏ oringin chip feature ကို အသုံးပြုလိုလျှင် Chrome browser အတွင်း စမ်းသပ်ထည့်သွင်း တည်ဆောက်ထားသည့် Chrome Canary တွင် activate ပြုလုပ်ရမည်ဖြစ်သည်။

PhishMe လုံခြုံရေးကုမ္ပဏီမှ သုတေသီများဖြစ်သော Aaron Higbee နှင့် Shyaam Sundhar က ၎င်း Feature သည် URL များကို ရှုပ်ထွေးအောင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် phishing တိုက်ခိုက်မှုအများစုသည် URL များကို မမှတ်မိအောင် ပြုလုပ်ထားကြပြီး လမ်းလွှဲထားလေ့ရှိသည်။ URL အပြည့်အစုံကို ဖျောက်ထားခြင်းသည် အန္တရာယ်ရှိသည့် URL ကို တရားဝင်ဝက်ဘ်ဆိုက်များမှ ခွဲခြားရန်ခက်ခဲမည်ဖြစ်ကြောင်း သိရသည်။

စိုးထက်
Ref: CNET
Internet Journal