တူရကီတွင် အပိတ် ခံထားရသောYouTube ပြန်သုံးနိုင်ပြီ

ပို့စ်တင်ချိန် - 5/31/2014 08:30:00 PM



တူရကီ နိုင်ငံတော် တရားရုံးက အမိန့် ချမှတ် လိုက်ပြီးနောက် တူရကီ နိုင်ငံတွင်း၌ YouTube ကို ပြန်လည် အသုံးပြု နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကဗ္ဘာတွင် လူကြည့် အများဆုံး ၀က်ဘ်ဆိုက် တစ်ခုဖြစ်သည့် YouTube မှာ တူရကီတွင် ပြီးခဲ့သည့် မတ်လမှစ၍ အစိုးရ အရာရှိ များ ခြစားမှုကို မှတ်တမ်း တင်ထားသည် ဆိုသည့် အသံဖမ်းယူချက်များ လွှင့်တင်ခဲ့ပြီး နောက်အသုံးပြု၍ မရတော့ဘဲ ပိတ်ပင်ခံ လိုက်ရခြင်း ဖြစ်သည်။ ထိုသို့ ပိတ်ပင်ထားခြင်း မှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဥပဒေများကို ချိုးဖောက်ရာ ရောက်သောကြောင့် YouTube ကို ပြန်ဖွင့်ပေးရန် တူရကီနိုင်ငံ အခြေခံ ဥပဒေ တရားရုံးက အမိန့်ချမှတ် ခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ကို ဆက်သွယ်ရေး လုပ်ငန်းများသို့ လည်း အကြောင်း ကြားထားပြီဖြစ်ပြီး YouTube ကို ပိတ်ပင် ထားမှုများ ပြန်ဖျက်ရန် ညွန်ကြားထား ကြောင်း သိရသည် ။

တူရကီတွင် တွစ်တာနှင့် YouTube ဆိုက်များမှာ ယခုနှစ် အစောပိုင်းကပင် ၀န်ကြီးချုပ် အာဒိုဂန်က ပိတ်ပင် ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ထိုဆိုက်များတွင် တူရကီစစ် အရာရှိများ ဆီးရီးယားသို့ ဝင်ရောက် တိုက်ခိုက်ရေး ဆွေးနွေးနေပုံများ နှင့် မစ္စတာအာဒို ဂန်နှင့် နီးစပ်သော သူများထဲတွင် လာဘ်စားမှု များရှိနေကြောင်း စွပ်စွဲသည့် အသံဖိုင် မှတ်တမ်းများလည်း ပါဝင်သည်။ တူရကီသည် ယခုနှစ် ဆန်းပိုင်းမှ စ၍ ဆက်သွယ်ရေး အာဏာပိုင်များ အနေဖြင့် မည်သည့် တရားရုံး ခွင့်ပြုချက်မှ မလိုဘဲ ၀က်ဘ်ဆိုက်များကို ပိတ်ပင် ဖြတ်တောက် နိုင်သည့် လုပ်ပိုင်ခွင့် ပေးသော ဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းခဲ့သည် ။ တွစ်တာကို ပိတ်ပင်ထားမှုမှာ ပြီးခဲ့သည့် လက ပြန်လည် ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်။



messenger news journal